အစ္စရေး လွှတ်တော်ဖျက်သိမ်းရန် လွှတ်တော်တွင်း မဲပေး၊ ရွေးကောက်ပွဲ ဧပြီ ၉ ရက် ကျင်းပမည်

အစ္စရေး လွှတ်တော်ကို ဖျက်သိမ်းဖို့ လွှတ်တော်အတွင်း ဒီဇင်ဘာ ၂၆ ရက်က မဲပေးခဲ့ပြီး ရွေးကောက်ပွဲကို ဧပြီ ၉ ရက်မှာ ကျင်းပဖို့ တရားဝင် သတ်မှတ်လိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ရွေးကောက်ပွဲကို စောပြီး ကျင်းပဖို့ တနင်္လာနေ့က ကြေညာခဲ့တာပါ။ မဲရှင်တွေကိုလဲ နိုင်ငံရေးအခွင့်အဏာအတွက် တိုက်ရိုက်မေတ္တာရပ်ခံ ခဲ့ပါတယ်။ လက်ယာယိမ်း အစ္စရေးခေါင်းဆောင် နေတန်ယာဟုဟာ အဂတိလိုက်စားမှု စွဲချက် ၃ ခုကို ရင်ဆိုင်နေရပြီး သူကတော့ အမှားမလုပ်ထားဘူးလို့ ငြင်းပါတယ်။ နေတန်ယာဟုကို စွပ်စွဲပြစ်တင်ရေး ရဲတွေရဲ့ ထောက်ခံချက်ကို အစ္စရေး ရှေ့နေချုပ်က လက်ခံမလား လက်မခံဘူးလားဆိုတာ နေတန်ယာဟုက စောင့်နေပါတယ်။ ရှေ့နေချုပ်ရဲ့ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲအပေါ် သက်ရောက်မှာ စိုးရိမ်တာကြောင့် ဆုံးဖြတ်ရေးကို ရှေ့နေချုပ်က နှောင့်နှေးထားနိုင်တယ်လို့ အစ္စရေးမီဒီယာတချို့က အစီရင်ခံပါတယ်။ တရားရေး ဝန်ကြီးဌာနကတော့ ဒီအမှုတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းကိစ္စတွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်မှီခိုမှု ကင်းတယ်လို့ ပြောပါတယ်။ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ထင်မြင်ချက် စစ်တမ်းတွေကတော့ ဝန်ကြီးချုပ်ရဲက လစ်ကတ်ပါတီဟာ လွှတ်တော်တွင်း အမတ်နေရာ ၁၂၀ ထဲက ၃၂ နေရာကို ရနိုင်မယ်၊ လက်ယာယိမ်း ညွန့်ပေါင်း ဖွဲ့ဖြစ်မယ်လို့ ဖော်ပြပါတယ်။ လွှတ်တော်ကို ဖျက်သိမ်းဖို့ အစိုးရနဲ့ အတိုက်အခံ ပါတီတွေက သဘောတူခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up