ဂရိတွင် ပေါက်ကွဲမှုကြောင့် ၂ ဦး ဒဏ်ရာရ

Police officers secure the area around the Saint Dionysios church, following the detonation of an explosive device in Athens, Greece, December 27, 2018. REUTERS/Michalis Karagiannis
ဂရိမြို့တော် အေသင်မြို့လယ်က ခရစ်ယန်ဘုရားကျောင်းအပြင်ဘက်မှာ ပေါက်ကွဲမှုကြောင့် ရဲအရာရှိတယောက်နဲ့ အရပ်သားတယောက် ဒီဇင်ဘာ ၂၇ ရက်က ဒဏ်ရာရတယ်လို့ ရဲနဲ့ အစိုးရ မီဒီယာတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှု ဘယ်သူလုပ်တယ်ဆိုတာ မသိရသေးပါဘူး။ သတိပေးမှုလည်း မရှိခဲ့ဘူးလို့ အရာရှိတွေက ပြောပါတယ်။ စိန့်ဒိုင်အိုးနစ်စီယို့စ် ဘုရားကျောင်း အပြင်မှာ လူတွေကို ဝင်ခွင့်မပေးခင် ဒေသစံတော်ချိန် မနက် ၇ နာရီက ပေါက်ကွဲခဲ့တာပါ။ မင်းမဲ့ဝါဒတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ဖူးတဲ့ အိက်စ်ဇာချီယာ ခရိုင်နား ကိုလိုနာကီ ရပ်ကွက်ထဲက ဘုရားကျောင်းမှာ ရဲတွေအကြီးအကျယ် တာဝန်ချထား ပြီးပါပြီ။ ဒဏ်ရာရသူ ရဲနဲ့ ဘုရားကျောင်းစောင့် အရပ်သားတို့ကို ဆေးရုံတင်ပို့ထားပြီး အခင်းဖြစ်ရာ နေရာကို ရဲတွေက ပိတ်ဆို့ထားပါတယ်။ ဒဏ်ရာတွေက အသက်ဘေး မစိုးရိမ်ရဘူးလို့လည်း ကျန်းမာရေး အရာရှိတွေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up