အီတလီတွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီး၊ လူ ၃ဝ ခန့် ဒဏ်ရာရ

Shops are seen damaged by an earthquake, measuring magnitude 4.8, at the area north of Catania on the slopes of Mount Etna in Sicily, Italy, December 26, 2018. REUTERS/Antonio Parrinello
672
အီတလီနိုင်ငံက အတ္တနာ မီးတောင်စောင်းမှာရှိတဲ့ ကာတာနီယာ မြောက်ပိုင်းမှာ အင်အား ၄.၈ ရှိတဲ့ ငလျင်တရပ် ဒီဇင်ဘာ ၂၆ မနက်ပိုင်းက လှုပ်ခတ်သွားပါတယ်။
ဒါကြောင့် လူအယောက် ၃၀ လောက် ဒဏ်ရာရပြီး အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဒဏ်ရာရသူ အများစုဟာ အိမ်တွေကနေ ထွက်ပြေးလာချိန်မှာ ကွန်ကရစ်တွေ ပြုတ်ကျလို့ ဒဏ်ရာရတာဖြစ်ပြီး ဒဏ်ရာ ပြင်းထန်သူ မရှိဘဲ ၁၀ ယောက်ကို ဆေးရုံတင်ပို့ခဲ့ရပါတယ်။
ဥရောပရဲ့ အမြင့်ဆုံးနဲ့ အလှုပ်ရှားဆုံး မီးတောင် အတ္တနာဟာ လွန်ခဲ့တဲ့ ၂ ရက်က ပေါက်ကွဲခဲ့လို့ ပြာမှုန်တွေ အကြီးအကျယ် ပန်းထွက်ခဲ့တဲ့အတွက် စစ်စလီကျွန်း အရှေ့ဘက် ကမ်းရိုးတန်းက ကာတာနီယာ လေဆိပ်ကို ယာယီပိတ်ခဲ့ရပါတယ်။
အဲဒီနောက် မနက် ၃ နာရီကျော်ကျော်အချိန်မှာ ငလျင်လှုပ်ခဲ့တာပါ။ ဒါကြောင့် လူအများအပြား အိမ်တွေထဲက ထွက်ပြေးခဲ့ကြပြီး ကားတွေထဲမှာ အိပ်ခဲ့ရပါတယ်။
မီးသတ်သမားတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေ အခင်းဖြစ်ရာကို ရောက်လာပြီး ဒဏ်ရာရသူတွေကို ကုသပေးခဲ့ပါတယ်။ ပျက်စီးနေတဲ့ အဆောက်အဦတွေကိုလည်း ဘေးကင်းမကင်း သိဖို့ စစ်ဆေးခဲ့ပါတယ်။