Thursday, June 8, 2023
HomeLead Storyနှစ်သစ်ကူးကာလတွင် အချိန်အခါမဟုတ်မိုးရွာမည်ဟု မိုးဇလ ထုတ်ပြန်

နှစ်သစ်ကူးကာလတွင် အချိန်အခါမဟုတ်မိုးရွာမည်ဟု မိုးဇလ ထုတ်ပြန်

နှစ်သစ်ကူးအခါသမယမှာ ရန်ကုန်တိုင်း အပါအ၀င် ပြည်နယ်တိုင်း ၁၁ ခုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေ၀သဌာနကသတင်းထုတ်ပြန်ထားပါတယ်။

“ဒီနေ့မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ တရုတ်ပြည်မကြီးက ရွေ့လျားလာတဲ့ လေအေးတွေနဲ့ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေ စုဆုံမှုကြောင့် လေထု မငြိမ်သက်မှုဖြစ်ပြီး မိုးရွာနိုင်တာဖြစ်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၃၁ရက်အတွင်း  နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular