DVB Logo
Home
မြန်မာသတင်း
အဖမ်းခံထားရသူများ ပြန်လွှတ်ပေးရေးအတွက် ရဲစခန်းရှေ့ ဆန္ဒပြ
DVB
·
September 10, 2012
အဖမ်းခံထားရသူများ ပြန်လွှတ်ပေးရေးအတွက် ရဲစခန်းရှေ့ ဆန္ဒပြ
1 / 3
Donate to DVB

လက်ပန်းတောင်းတောင်အရေး ဆောင်ရွက်သူ ၁၂ ဦးကို မုံရွာခရိုင် အာဏာပိုင်တွေက ဖမ်းဆီးထားတာ လွှတ်ပေးဖို့ ဒေသခံတွေနဲ့ ကျောင်းသားတွေက ဆန္ဒပြနေကြပါတယ်။

မုံရွာမြို့နယ် အမှတ် ၁ ရဲစခန်းရှေ့မှာ မုံရွာခရိုင် ကျောင်းသားများသမဂ္ဂနဲ့ ဒေသခံတွေက လက်ပန်းတောင်းတောင် အရေးဆောင်ရွက်နေတဲ့ မသွဲ့သွဲ့ဝင်း ဦးဆောင်တဲ့ ၁၂ ဦးကို မုံရွာခရိုင် အာဏာပိုင်တွေက ဒီနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးပြီး ထိန်းသိမ်းခဲ့တဲ့အတွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အဖမ်းခံထားရတဲ့ မသွဲ့သွဲ့ဝင်းတို့ကို မလွှတ်ပေးရင် မုံရွာမြို့ထဲမှာ စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်မယ်လို့လည်း ဆန္ဒပြခေါင်းဆောင်က ပြောပါတယ်။

“ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ လွှတ်မပေးဘူးဆိုရင် မြို့ထဲကို ချီတက်လှည့်လည် ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်။ ကျနော်တို့ကို အဲလမ်းကြောင်းပေါ်ကို တွန်းတင်ပို့ပေးမှာလား၊ ဒါမှမဟုတ် ကျနော်တို့လိုချင်တဲ့ ၁၂ ဦးကို ပြန်လွှတ်ပေးမှာလား ဆိုတာ ကျနော်တို့ ကြားချင်ပါတယ်။”

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်အနီးက တောင်သူတွေဟာ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းကြောင့် ရွာတွေ ဖယ်ခိုင်းခံရလို့ မကျေနပ်လို့ ဆန္ဒပြနေတာ လနဲ့ချီရှိပြီ ဖြစ်ပါတယ်။
မသွဲ့သွဲ့ဝင်း အပါအ၀င် တောင်သူ ၁၂ ဦးကို အာဏာပိုင်တွေက ဆုတောင်းပြည့် ဘုရားကြီးကနေ ချင်းတွင်းမြစ်ဆိပ်ကို အတင်းအကျပ် ပို့ဆောင်ခဲ့ပြီး စက်လှေဆိပ်မှာ စောင့်ဆိုင်းနေစဉ် အခုလို အဖမ်းခံခဲ့ရတာလို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013