အကောင်းဆုံးခြေစွမ်းဖြင့် လက်စတာကို အနိုင်ယူရန် မန်စီးတီးနည်းပြ တိုက်တွန်း

908
လက်စတာနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းနဲ့ နိုင်ပွဲပြန်ယူကြဖို့ နည်းပြ ဂွါဒီယိုလာက မန်စီးတီးကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ထိပ်ဆုံးက လီဗာပူးနဲ့ ၄ မှတ်အထိ ကွာဟနေပါတယ်။
လက်စတာနဲ့ပွဲကို အနိုင်ရလဒ်အတွက် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အမှတ်လျော့တာတွေ ရှိခဲ့ပေမယ့် နောက်ပွဲတွေမှာ နိုင်ပွဲပြန်ရခဲ့တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ ကစားသမားတွေ အံ့အားသင့်ခဲ့ကြရပြီး မန်စီးတီးအသင်းရဲ့ စရိုက်လက္ခဏာကို ပြသကြဖို့လည်း ဂွါဒီယိုလာက ကစားသမားတွေကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ဘောက်ဆင်ဒေးမှာ လက်စတာနဲ့ ကစားအပြီး ဆောက်သမ်တန်၊ လီဗာပူးအသင်းတွေနဲ့ ဆက်ပြီးကစားရမှာ ဖြစ်ပါတယ်။