အီတလီတွင် ပေါက်ကွဲမီးတောင်မှ ချော်ရည်မီးပန်းများ မှုတ်ထုတ် (ရုပ်သံ)

858
အီတလီနိုင်ငံက အတ္တနာမီးတောင်ရဲ့ အူကြောင်းကနေ မှုတ်ထုတ်နေတဲ့ ချော်ရည် မီးပန်းတွေကြောင့် ခရစ်စမတ်ညရဲ့ ကောင်းကင်ဟာ လင်းလက်နေပါတယ်။
မီးတောင်ရဲ့ အရှေ့တောင်ဘက်က တောင်စောင်းတလျှောက် အနီရောင် ချော်ရည်မြစ်တွေ စီဆင်းနေပါတယ်။
ဒီဇင်ဘာ ၂၄ ရက် မနက်တည်းက စပြီး မီးတောင်ပေါက်ကွဲမှုကြောင့် မြေပြင်တုန်ခါမှု အကြိမ် ၁၃၀ လောက် လှုပ်ခတ်ခဲ့တယ်၊ အပြင်းဆုံးတကြိမ်က ရစ်ခ်ျတာစကေး ၄ ထိ ရှိတယ်လို့ အီတလီ အမျိုးသား ဘူမိရူပနဲ့ မီးတောင်ရေးရာဌာနက ပြောပါတယ်။
မီတာ ၃၃၃၀ မြင့်တဲ့ ဒီမီးတောင်ဟာ တနှစ်ကို အကြိမ်ရေ အတော်များများ ပေါက်ကွဲနိုင်ပါတယ်။ ၁၉၉၂ ခုနှစ်က နောက်ဆုံးအနေနဲ့ အကြီးစားပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်။