DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားရေးရာညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည်
DVB
·
September 10, 2012
တိုင်းရင်းသားရေးရာညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည်
Donate to DVB

ပြည်ပရောက်တိုင်းရင်းသားတွေ ကျယ်ကျယ်ပြန့်ပြန့် တက်ရောက်ဖို့ စီစဉ်ထားတဲ့ တိုင်းရင်းသားရေးရာ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်နေ့ထိ ၃ ရက်ဆက်တိုက်ကျင်းပမယ်လို့ ညီလာခံဖြစ်မြောက်ရေး စီစဉ်သူတဦး ဖြစ်တဲ့ ဦးခွန်ဥက္ကာက ပြောပါတယ်။

[caption id="attachment_30587" align="alignright" width="300" caption="ဦးခွန်ဥက္ကာ"][/caption]

အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရော၊ အပစ်အခတ် မရပ်သေးတဲ့ အဖွဲ့တွေရော၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားပါတီတွေ၊ လူငယ်၊ ကျောင်းသားနဲ့ အမျိုးသမီးအဖွဲ့တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေပါမကျန် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တိုင်းရင်သားအဖွဲ့ပေါင်းစုံက လူ ၁၀၀ ၀န်းကျင်လောက် ဖိတ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်းက နိုင်ငံရေးသမားတချို့လည်း ဖိတ်ကြားထားတယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။ ညီလာခံမှာ အဓိကအားဖြင့် အချက် ၂ ချက်ကို ဆွေးနွေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“ပထမတချက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာရှိတယ်။ အဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုင်းရင်းသားအင်အားစုတွေက ၀ိုင်းဝန်းထောက်ခံဖို့၊ နံပါတ် ၂ အချက်က အကယ်၍ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲ တမျိုးသားလုံးဆိုင်ရာ ညီလာခံသဘောမျိုး၊ ဦးအောင်မင်းအဆိုအရ ဆိုရင် ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံမျိုးပေါ့။ အဲလို အခင်းအကျင်းမျိုးပေါ်လာရင် တိုင်းရင်းသားတွေက ဘယ်လိုအနေအထားနဲ့ ၀င်ပြီး ပြောဆို ဆွေးနွေးမယ်၊ ပါဝင်မယ်၊ ပူးပေါင်းမယ်ပေါ့။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ပူးပေါင်းပါဝင်ဖို့ အဲဒီအတွက် ပြင်ဆင်ဖို့လည်းပါတယ်။ ဒီ ၂ ခုပေါ့။”

သူတို့ကျင်းပမယ့် ညီလာခံဟာ အစိုးရက ပြောနေတဲ့ ပင်လုံညီလာခံထက် ပိုမိုကျယ်ပြန့်တဲ့ညီလာခံနဲ့ ဆန့်ကျင်ဘက်မဟုတ်ဘဲ တိုင်းရင်းသားတွေဘက်က အဆင့်တခုသာဖြစ်တယ်လို့ ဆိုပါတယ်။

အရင်ဆယ်စုနှစ်တွေတုန်းက တိုင်းရင်းသား ညီလာခံတွေမှာ သဘောတူ ရပ်တည်ခဲ့တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်တွေအတိုင်းပဲရှိမှာပါလို့ ဆိုပါတယ်။
ပြည်ပမှာ တိုင်းရင်းသားညီလာခံ ကျင်းပပြီးရင် ပြည်တွင်းမှာလည်း တိုင်းရင်းသားညီလာခံ ကျင်းပနိုင်ဖို့ အစိုးရနဲ့ ညှိနှိုင်းမယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013