DVB Logo
Home
မြန်မာသတင်း
နိုင်ငံတည်ဆောက်ရေးကွန်ဖရင့် ကျင်းပမည်
DVB
·
September 10, 2012
Donate to DVB

မြန်မာပြည် တည်ဆောက်ရေးကွန်ဖရင့် အမည်နဲ့ ဆွေးနွေးပွဲတရပ်ကို မြန်မာအီးဂရက် (Myanmar Egress) က ဦးစီးပြီး ကျင်းပမယ်လို့ အီးဂရက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင်က ပြောပါတယ်။

ရန်ကုန်မြို့ နတ်မောက်လမ်း ချက်ထရီယံဟိုတယ်က ငြိမ်းချမ်းရေး စင်တာ (peace center) မှာ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက် နေ့တွေ ကျင်းပမှာ ဖြစ်ပါတယ်။

ဒေါက်တာကျော်ရင်လှိုင်က “နိုင်ငံ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တွေ့လာနိုင်တဲ့ issue တွေ၊ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး နားလည်သင့်တယ်။ ဘယ်လိုမျိုးဆွေးနွေးသင့်တယ်။ ဒါတွေကို ကျနော်တို့ ပြောဖို့ပါ။ အဓိကက ကျနော်တို့က စာအုပ်ရေးချင်တာလည်း ပါတယ်။ ကွန်မြူနတီတွေ တည်ဆောက်ရေးအတွက်လည်း ပါတယ်။ တိုင်းပြည်အတွက် ဖြစ်ပေါ်နေတဲ့ issue လေးတွေကို ကိုယ်တိုင်လည်း စာရေးချင်တာတွေလည်းပါတယ်။ အားလုံးကို အခြေခံပြီး လုပ်တာပါ။”

ပထမ ၁ ရက်မှာ မြန်မာနိုင်ငံက သမိုင်းပါမောက္ခ ဒေါက်တာ ဦးထွန်းအောင်ရှိန်၊ မန္တလေးတက္ကသိုလ်က ပါမောက္ခအငြိမ်းစား ဒေါက်တာ ခင်မောင်ညွန့်တို့၊ သာသနာရေးညွှန်ကြားရေးမှူးဟောင်း ဒေါက်တာမျိုးမြင့် အစရှိတဲ့ ပါမောက္ခတွေအပါအ၀င် အမေရိကန်နဲ့ ဂျပန်နိုင်ငံ တက္ကသိုလ်တွေက ပါမောက္ခတွေလည်း ပါဝင် ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

ဒုတိယရက်မှာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားနဲ့ စာရေးဆရာတွေကို ဖိတ်ကြားထားပြီး အဲဒီထဲမှာ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်နဲ့ စာရေးဆရာကျော်ဝင်းတို့ကိုလည်း ဖိတ်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013