မန်ယူတိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် ဂျူဗင်တပ် စိတ်ဝင်စား

အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အီတလီကလာတဲ့ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဂျူဗင်တပ်အသင်းက ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ပြီးခဲ့တဲ့လတွေကတည်းက လုပ်ဆောင်နေတာလို့ ခန့်မှန်းရေးသားထားပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး မာရှယ်၊ ပေါ့ဂ်ဘာနဲ့ မက်တီယို ဒါမီယန်တို့ကိုပါ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့လည်း ဆိုထားပါတယ်။ လတ်တလောမှာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး လူကာကူဟာ ခြေစွမ်းမပြနိုင်တဲ့အတွက် ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up