မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက် ကုလသမဂ္ဂ မဲခွဲဆုံးဖြတ် အတည်ပြု

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း အမှတ် (၅) ကို ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ ထောက်ခံမဲ အများစုနဲ့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ တွန်းအားပေးတဲ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။ ဆုံးဖြတ်ချက်မူကြမ်းအပေါ် ထောက်ခံမဲ ၁၃၆ မဲ၊ ကန့်ကွက်မဲ ၈ မဲ၊ ကြားနေမဲ ၂၂ မဲ ရှိတဲ့အတွက် အတည်ပြုနိုင်ခဲ့ပါတယ်။ ထောက်ခံတဲ့အထဲမှာ ဗြိတိန်၊ အမေရိကန် စတဲ့နိုင်ငံတွေ ပါဝင်ပြီး ကန့်ကွက်တဲ့အထဲမှာ ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ မြန်မာနဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ  မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ မြန်မာနိုင်ငံအရေးကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ ဒီဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိတဲ့အတွက် လိုက်နာဖို့မရှိဘူးလို့ ပြောဆိုကြောင်း နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းကို အိုအိုင်စီ (အစ္စလာမ္မစ်နိုင်ငံများအဖွဲ့) နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့က ပူးတွဲရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up