Home
မြန်မာသတင်း
ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံက မီးလောင်သွားသည့် အဆောင်ကို ပြန်ပြင်မည်
စိုးမိုးအောင်
·
December 25, 2018
ရန်ကုန် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကြီးက မီးလောင်သွားတဲ့ အဆောင်ကို  အင်ဂျင်နီယာတွေနဲ့ ညှိနှိုင်းကာ ပြန်လည်ပြင်ဆင်သွားမယ်လို့ ဆေးရုံက တာဝန်ရှိသူ  ပါမောက္ခ ဒေါက်တာတင်ဦးကပြောပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်း ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကြီးမှာ ဒီဇင်ဘာ၂၄ ရက်ည ၁၁ နာရီ ၄၆ မိနစ်က ပင်မဆောင် ၂ ဆောင်ရှိတဲ့အထဲမှာ အပေါ်ထပ် အမျိုးသားအဆောင်တခြမ်း မီးလောင်သွားတာဖြစ်ပါတယ်။ မီးလောင်သွားတဲ့ဘက်မှာ လူနာ ၁၀၀ ကျော်နေထိုင်တာပြီး မီးလောင်ခဲ့တာကြောင့် လူနာတွေ ကြောက်လန့်သွားတဲ့အပေါ် ဆရာဝန်တွေနဲ့ ၀န်ထမ်းတွေက အားပေးခဲ့ပြီး ဘေးလွတ်ရာကို အချိန်မီရွှေ ပြောင်းနိုင်ခဲ့လို့ အသေအပျောက် ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ပါမောက္ခဒေါက်တာတင်ဦးက ပြောပါတယ်။ “ဆရာဝန်တွေ အဲဒီက၀န်ထမ်းတွေက အခြေအနေကိုကြည့်နေတော့ သိတာပေါ့။ စိုးရိမ် တာကတော့ စိုးရိမ်မှာပေါ့လေ။ မီးလောင်တယ်ဆိုတော့။ အဲဒီအတွက်ကိုတော့ သူတို့ အတွက် အနီးကပ်စောင့်ရှောက်မယ့် ဆရာဝန်တွေ၊ဆရာမတွေ ရှိပါတယ်” စိတ်ကျန်းမာရေးဆေးရုံကြီး ပင်မဆောင်တထပ် မီးလောင်သွားတဲ့အပေါ် အဲဒီအခန်းက လူနာတွေအတွက် အနီးကပ်စောင့်ရှောက်မယ့် ဆရာဝန်တွေဆရာမတွေ ရှိနေတယ်လို့ သိရပါတယ်။ စိတ်ကျန်းမာရေးဆေးရုံမီးလောင်မှုဟာ ၁ နာရီနီးပါးကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ကတော့ Level-3 သတ်မှတ်ကာ မီးငြှိမ်းသတ်ခဲ့ပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကို အသေးစိတ်မသိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024