ထင်ရှားသည့် အမေရိကန် အမျိုးသမီးတရားသူကြီးအကြောင်း ရုပ်ရှင် – On the Basis of Sex (နမူနာ)

တရားရေးဆိုင်ရာ ဖြစ်ရပ်မှန် ဟောလိဝုဒ် ဒရာမာရုပ်ရှင် ပရိသတ်တွေအကြိုက် On the Basis of Sex ရုပ်ရှင်ကားကို ကမ္ဘာတဝန်း စတင်ပြီး ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Mimi Leder က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ အမျိုးသမီး တရားသူကြီး Ruth Bader Ginsburg အကြောင်းကို ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Columbia law School နဲ့ Cornell University တွေမှာ ပညာသင်ကြားခဲ့တဲ့ Ginsburg ဟာ သမ္မတဟောင်း ဘီလ်ကလင်တန်လက်ထက်က အမေရိကန်နိုင်ငံ တရားရုံးချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးခံရတဲ့ ဒုတိယမြောက် အမျိုးသမီး တရားသူကြီး ဖြစ်ပါတယ်။ သူဟာ အမျိုးသမီးတွေ တန်းတူအခွင့်အရေး ရရှိဖို့အတွက် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းခဲ့သူတွေထဲမှာ ထင်ရှားပြီး ဒီကားထဲမှာတော့ သူ့ဘဝတာ ကြိုးပမ်းမှုတွေနဲ့ ဖြတ်သန်းမှုတွေကို ဘယ်လိုပုံဖော် ရိုက်ကူးထားမလဲ ဆိုတာတွေကို ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Felicity Jones က Ginsberg နေရာမှာ အဓိက သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Armie Hammer, Justin Theroux နဲ့ Sam Waterston တို့ကလည်း ပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားကို American Film Institute (AFI) မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 5.4 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up