DVB Logo
Home
မြန်မာသတင်း
လွှမ်းပိုင်၊ ထူးအောင်၊ ထွန်းထွန်း၊ ခင်ဝင့်ဝါတို့ ပါဝင်သည့် ကိုယ်စောင့်နတ် ရုပ်ရှင် (နမူနာ)
DVB
·
December 25, 2018
လွှမ်းပိုင်၊ ထူးအောင်၊ ထွန်းထွန်း၊ ခင်ဝင့်ဝါတို့ ပါဝင်သည့် ကိုယ်စောင့်နတ် ရုပ်ရှင် (နမူနာ)
Donate to DVB

မြန်မာ အချစ်ဟာသ ရုပ်ရှင်ကားတကားဖြစ်တဲ့ ကိုယ်စောင့်နတ် ရုပ်ရှင်ကားကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာဖြစ်ပြီး လွှမ်းပိုင်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကတော့ ငယ်ငယ်တည်းက ဘာလုပ်လုပ် အမြဲလွဲချော်နေပြီး ကံဆိုးလေ့ရှိတဲ့၊ ကျောင်းမှာလည်း အနိုင်ကျင့်ခံရပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတဲ့ David ဆိုတဲ့ ကျောင်းသားလေးတယောက် အကြောင်းပါ။ ကျောင်းပါတီတခုမှာ သူက ငယ်စဉ်ကတည်းက Crush ခဲ့ရတဲ့ Bella ဆိုတဲ့ ကောင်မလေးနဲ့ တကျောင်းလုံးရှေ့မှာ အရှက်ကွဲခဲ့ရာကနေ ကိုယ်စောင့်နတ်ကို ကျိန်ဆဲလိုက်ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ နောက်တနေ့မှာ သူ့ရဲ့ဘဝဟာ ဘယ်လိုပြောင်းလဲမှုတွေနဲ့ ကြုံလာရမလဲ ဆိုတာတွေကို ဟာသဇာတ်မြူးဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ လူငယ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ လွှမ်းပိုင်၊ ထူးအောင်၊ ထွန်းထွန်း၊ ခင်ဝင့်ဝါတို့နဲ့အတူ တခြား ဝါရင့် ဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ လူငယ်သရုပ်ဆောင်တွေဟာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူတွေ ဖြစ်တာမို့ ဒီရုပ်ရှင်ကားဟာ ထွက်မလာခင်ကတည်းက နာမည်ကြီးနေပြီး ရုပ်ရှင်နမူနာဟာ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013