DVB Logo
Home
Lead Story
သွေးပျက်ထိတ်လန့်ဖွယ်မြန်မာရုပ်ရှင်-သတို့သမီး(နမူနာ)
DVB
·
December 25, 2018
သွေးပျက်ထိတ်လန့်ဖွယ်မြန်မာရုပ်ရှင်-သတို့သမီး(နမူနာ)
Donate to DVB

သွေးပျက်ထိတ်လန့်ဖွယ် မြန်မာရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့ကြမယ့် သတို့သမီး ရုပ်ရှင်ကားကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

    ဒီကားကိုတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး မီးမီးရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ၀ိုင်းက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားကတော့ သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းတခုအနေနဲ့ ပုံဖော်ဖန် တီးထားခဲ့တာဖြစ်ပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ အလင်းရောင်၊ ဖွေးဖွေး၊ မေတို့ က ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ဖွေးဖွေးကတော့ ဒီကားထဲမှာ အတိတ်မေ့နေပြီး အိပ်မက်နဲ့ တကယ့် လက်တွေ့ မသဲကွဲပဲ အတိတ်မေ့နေတဲ့ စိတ်ဝေဒနာသည် မိန်းကလေးတယောက်နေရာကနေ သ ရုပ်ဆောင်ထားပြီး အလင်းရောင်ကတော့ အတိတ်မေ့ရောဂါသည် ဇနီးဖြစ်သူကို စောင့်ရှောက်နေရတဲ့ ခင်ပွန်းနေ ရာမှာ ပါဝင်ထားပြီး ဘယ်လို သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ထား မလဲဆိုတာကိုတော့ မကြာခင်မှာ ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် မှာလည်း ထွက်မလာခင်ကတည်းက ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

အလင်းရောင်နဲ့ ဖွေးဖွေးဟာ သမ္မတကြီးထံ ပေးစာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်- CO2 စတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးမှုတွေ ရရှိထားတာမို့ ဒီကားထဲမှာလည်း ဘယ်လို အချိတ်အဆက်မိမိ သရုပ်ဆောင်ထားကြမလဲဆိုတာကို ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013