Home
မြန်မာသတင်း
စိတ်ကျန်းမာရေးဆေးရုံ မီးလောင် (ရုပ်သံ)
DVB
·
December 25, 2018
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ  စိတ်ကျန်းမာရေးဆေးရုံမှာ ဒီဇင်ဘာ ၂၄ ရက်ညက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မနေ့ည ၁၁နာရီ ၄၆မိနစ်လောက်က ဆေးရုံရဲ့ ပင်မဆောင် ပထမထပ်မှာရှိတဲ့ အမျိုးသားလူနာဆောင်ကနေ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးလောင်ရာနေရာကို မီးသတ်တပ်ဖွဲ့က ကနဦး  Level 2 အဆင့်အဖြစ် သတ်မှတ်မီးငြှိမ်းသတ်နေရာကနေ မီးအရှိန်မြင့်လာတဲ့အတွက် Level 3 သတ်မှတ်ကာ တနာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရပြီး  ဒီဇင်ဘာ ၂၅ ရက် မနက် ၁၂နာရီ မိနစ်လေးဆယ်လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်ရာမှာ စိတ်ကျန်းမာရေးဝေဒနာရှင်တွေ  အထိအခိုက် အသေအပျောက်မရှိဘဲ လူနာတွေကို အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ် အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကိုတော့ စိစစ်ဆဲဖြစ်ပြီး မီးလောင်မှုကြောင့် လူနာတွေထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သတင်း- ကျော်ဇေယျာဝင်း၊ သူသူအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024