DVB Logo
Home
မြန်မာသတင်း
သမ္မတထံ လူတိုင်း တိုက်ရိုက်စာပေးပို့နိုင်
DVB
·
September 10, 2012
သမ္မတထံ လူတိုင်း တိုက်ရိုက်စာပေးပို့နိုင်
Donate to DVB

မြန်မာပြည်သူတိုင်း သမ္မတဆီကို တိုက်ရိုက် စာပေးပို့နိုင်ဖို့ နိုင်ငံတော်သမ္မတရုံးက ကဏ္ဍသစ် တခု ဖွင့်လှစ်လိုက်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကစလို့ နိုင်ငံတော် သမ္မတ ရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ပြည်သူ့အသံ ကဏ္ဍကို စတင် ဖွင့်လှစ်ပြီး စာပေးပို့လိုသူတွေက အဲဒီဝက်ဘ်ဆိုက် လိပ်စာကတဆင့် အကြံပြုစာ၊ တိုင်ကြားစာ၊ အသနားခံစာ၊ ပစ်စာ အားလုံးပေးပို့နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီနေ့အထိ ပြည်သူ့အသံကဏ္ဍကို စာအရေအတွက် ၅၀ ကျော် ရောက်ရှိလာတယ်လို့ ပြောပါ တယ်။ ဒါပေမယ့် စာ အစောင် ၅၀ စလုံးဟာ ပစ်စာတွေလို ဖြစ်နေကြောင်း၊ ပေးပို့သင့်တဲ့ စာအမျိုးအစားတွေနဲ့ ပတ်သက်လို့ ခုလို အကြံပြုပါတယ်။

“ကျနော်တို့ အမှန်တကယ် ထိခိုက်နစ်နာ ဆုံးရှုံးရတဲ့ဟာတွေ ရှိတယ်။ တချို့ဆိုရင် ဟိုးအရင်က ဒါမှမဟုတ် အခုခေတ်မှာ ထိခိုက်နစ်နာပေမယ့် ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းခဲ့တာ ရှိတယ်ဆိုရင် တိုက်ရိုက်တင်ပြပါ။ အမျိုးသားလုံခြုံရေး၊ အမျိုးသားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ အရေးကြီးတဲ့ ကိစ္စတွေကိုလည်း ကျနော်တို့ဆီ တိုက်ရိုက် တင်ပြလို့ရပါတယ်။ အမှန်တကယ် အချိန်နဲ့ အမျှ အရေးကြီးနေတယ်။ သမ္မတအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးသင့်တယ်လို့ ယူဆရတဲ့ဟာတွေပေါ့။ များသောအားဖြင့် ကျနော်တို့ တွေ့လာရတာက လူထုအော်သံလို ဟာမျိုးလေးတွေပေါ့။ သတင်းစာမှာ ပါတဲ့ဟာမျိုးလေးတွေ။ ပြီးတော့ အတိအကျတော့ မပါဘူး။ ကျနော်တို့ ပြောချင်တာက အမှန်တကယ် ထိခိုက်နစ်နာ ဆုံးရှုံးနေရတယ်ဆိုရင် မှန်မှန်ကန်ကန် တင်ပြပါ အမည်၊ မှတ်ပုံတင်နံပတ်၊ လိပ်စာတို့ ပြည့်စုံရင် ကျနော်တို့ ဆောင်ရွက်ပါ့မယ်။”

ပြည်သူ့အသံကို သမ္မတက တိုက်ရိုက်နားထောင်နိုင်ဖို့ ဒီကဏ္ဍကို ဖွင့်လှစ်တာက အဓိကရည်ရွယ်ချက်ဖြစ်ပြီး ပြည်သူတွေရဲ့ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ လိုလားချက်တွေကို အချိန်နဲ့တပြေးညီ သိရှိပြီး၊ မူဝါဒတွေ လိုအပ်သလို ပြုပြင် ပြောင်းလဲ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့လဲ ဆိုပါတယ်။

ပြည်သူ့အသံကို ရောက်လာတဲ့ စာတွေကို သူတို့အပိုင်းက ဆောင်ရွက်ပေးမှာတွေကိုလည်း ဦးဇော်ဌေးက ခုလို ပြောပြပါတယ်။

“ကျန်ာတို့က ပြန်ပြီးစိစစ်လေ့လာပြီးတော့ တချို့ဟာတွေ အရေးကြီးလို့ ချက်ချင်း ပြန်ရမယ့် ဟာတွေကို ပြန်မယ်။ နောက်တခုက တူတာတွေကို စုပြီး ပြန်လည်ဆန်းစစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပဒေအရ ချမှတ်ထားတဲ့အချက်တွေနဲ့ မူဝါဒသီးသန့်တခု ချမှတ်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို တင်ပြမယ်။”

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ပြီးခဲ့တဲ့ ဇွန်လထဲ အင်တာနက်ပေါ် လွှင့်တင်ခဲ့ပြီး၊ သမ္မတ၊ ဒု-သမ္မတတို့ရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပေးခဲ့နိုင်တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013