ရန်ကုန်မြို့လယ်တွင် မီးလောင်
DVB
·
September 10, 2012

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ၃၈ လမ်း အလယ်ဘလောက်က တိုက် ၁ လုံးရဲ့ ၈ လွှာမှာ ဒီနေ့ခင်း မီးလောင်တယ်လို့ သတင်းသွားယူတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
တိုက်နံပါတ် ၁၇ (၁) ရဲ့ ၈ လွှာက အခန်းတခုမှာ နေ့ခင်း ၂ နာရီကျော်က စတင်လောင်ကျွမ်းတာဖြစ်ပြီး မိနစ်ပိုင်းအတွင်း မီးငြိမ်းသတ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအခန်းမှာ အသက် ၅၀ ကျော်ခန့်အရွယ် အမျိုးသားတဦး နေထိုင်ပြီး သူ လွတ်မြောက်မှု ရှိ မရှိ မသဲကွဲသေးသလို ဘယ်ကစပြီး လောင်ကျွမ်းတယ်ဆိုတာလည်း မသိရသေးပါဘူး။
မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၁၅ စီးနဲ့ လာရောက်ငြိမ်းသတ်တယ်လို့ ဆိုပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/38 rd fire/]