Home
မြန်မာသတင်း
မောင်တောတွင် တရားမ၀င် ၀င်ရောက်လာသူ ၃ ဦးကို ပစ်ခတ်ဖမ်းဆီး၊ ၁ ဦးသေဆုံး
DVB
·
December 23, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်​မြောက်​ပို​င်း၊ သဲ​ချောင်း ​ချောင်းဝကင်းစခန်းမှာ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်​ကနေ မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ ၃ ယောက်အနက် တယောက်ကို အသေဖမ်းမိခဲ့တယ်လို့ သဲချောင်းစခန်းက သိရပါတယ်။ ဒီဇင်​ဘာ ၂၂ ရက်​ မနက်​ ၂ နာရီကျော်​လောက်က သဲချောင်း ချောင်းဝကင်းစခန်းက ကင်းပုန်းဝပ်နေတုန်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း သဲချောင်းဝဘက်ကနေ မသင်္ကာဖွယ်ရာ အသံတွေ ကြားရလို့ အော်ဟစ်မေးမြန်းခဲ့ရာမှာ​ ရေထဲကနေ လှုပ်ရှားလာတဲ့ အသံ ကျယ်ကျယ် လောင်လောင်ကြားရတဲ့အတွက်ပစ်ခတ်သတိပေးခဲ့တယ်လို့ သဲ​ချောင်းစခန်း တာဝန်​ရှိသူတဦးက ပြောပါတယ်။ အဲဒီနောက် ​​​လောင်းလှေပေါ်က လူ နှစ်ယောက် ဆင်းပြေးသွားတာကို တွေ့ရတဲ့အတွက် လိုက်လံ ရှင်းလင်းရှာဖွေခဲ့ကြရာမှာ လောင်း​လှေ​ပေါ်က အသက် ၆၀ အရွယ် အမျိုးသားတဦး သေနတ်​ဒဏ်​ရာနဲ့ သေဆုံး​နေ​ကြောင်း​တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အနီးနားမှာ အမည်​မသိ အသက်​ ၁၁ နှစ်​နဲ့ အသက်​ ၁၄ နှစ်​အရွယ်​ ဘင်္ဂါလီ ယောက်ကျားလေးနှစ်ဦ တို့ကိုလည်း  အရှည်​​ ၁ ​ပေလောက်ရှိတဲ့ ဓား​ကောက်​ နှစ်ချောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့​တယ်လို့ ​သဲ​ချောင်းစခန်းမှ တာဝန်​ရှိသူတဦးက အတည်​ပြု​ပြောပါတယ်​။ လိပ်​ရအုပ်​ချုပ်​​ရေးမှူး အာဘူတက်​ကတော့ ​" သူတို့က အားလုံးလိပ်​ရရွာကဖြစ်​ပါတယ်​။ ​သေဆုံးသူကို​တော့ ​မောင်​​တော​ဆေးရုံကို ပို့လိုက်​ပါပြီ။ က​လေးနှစ်ဦးကို​တော့ လိပ်​ရ နယ်​​မြေ စခန်းမှာ ဖမ်းဆီးထားပါတယ်​"လို့​ ပြောပါတယ်​။ ဖမ်းဆီးခံထားရသူ လူငယ် ၂ ဦးကို လိပ်​ရနယ်​​မြေစခန်းမှာ  ထိမ်းသိးထားပြီး ဥပ​ဒေအရ အမူဖွင့်​ အ​ရေးယူ​ဆာက်​ရွက်​သွားမယ်လို့  သိရပါတယ်​။ လိပ်​ရ​ကျေးရွာမှာ အရင်က အိမ်ခြေ ၆၀၀ ကျော်လောက်ရှိပြီး ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်​ဖြစ်​စဉ်​​နောက်​ပိုင်း လက်​ရှိ အိမ်ခြေ ၂၄ အိမ်​သာကျန်ရှိပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024