Home
မြန်မာသတင်း
တပ်မတော်ကြေညာချက် တရုတ်ကြိုဆို
DVB
·
December 23, 2018
စစ်ရေးလှုပ်ရှားမှုတွေ ၄ လကြာ ရပ်ထားဖို့ မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကိုကြိုဆိုတဲ့အကြောင်း မြန်မာပြည်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက မြန်မာ တပ်မတော်ရဲ့ကြေညာချက်ကို တက်ကြွစွာတုံ့ပြန်ခဲ့တဲ့အပေါ်တရုတ်နိုင်ငံက ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။ “မြန်မာနိုင်ငံ သက်ဆိုင်ရာ အဖက်ဖက်မှာ  လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်း ဒေသငြိမ်းချမ်းရေး ဖြစ်စဉ်ကို တွန်းအားပေးဖို့ ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်မှုကို ချီးကျူး ဂုဏ်ပြုတယ်”လို့ တရုတ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး ဆောလျင်စွာရရှိနိုင်ဖို့ အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်တယ်၊ အိမ်နီးချင်းကောင်းနိုင်ငံ၊ ဆွေမျိုးပေါက်ဖော်အနေနဲ့  တရုတ်နိုင်ငံက မြန်မာရဲ့ လိုအပ်ချက်အရ မြန်မာနိုင်င ပြည်တွင်းရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အပြုသဘောဆောင် အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မယ်လို့ လည်းဆို ပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက် အထိ ၄ လကျော်ကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားမယ်လို့ ဒီဇင်ဘာ ၂၁ရက်မှာ တပ်မတော်က ကြေညာထားတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအ၀င် ပြည်တွင်း ပြည်ပက အဖွဲ့အစည်းတွေက ကြိုဆိုတဲ့အကြောင်း သဘောထားတွေ ထုတ်ပြန်နေကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024