ဆိုမာလီ သမ္မတအိမ်တော်အနီး ကားဗုံးပေါက်ကွဲ၊ ၅ ဦးထက်မနည်းသေဆုံး

ဆိုမာလီနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးက သမ္မတအိမ်တော်နားမှာ ဒီဇင်ဘာ ၂၂ရက်က ကားဗုံးပေါက်လို့ လူ ၅ ယောက်ထက် မနည်း သေဆုံးပြီး ၄ ယောက် ဒဏ်ရာရတယ်လို့ ရဲတွေက ပြောပါတယ်။ ပထမတကြိမ် ဗုံးပေါက်တဲ့ နေရာနားမှာတင် ဒုတိယမြောက် ပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် အကြောင်းရင်းကို မဆုံးဖြတ် နိုင်သေးဘူးလို့ ဗိုလ်မှူး မိုဟမ်မဒ်ဟူစိန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွ အုပ်စုက ပေါက်ကွဲမှု ၂ ခုလုံးကို သူတို့လုပ်တာလို့ အန်ဒါလပ်စ် ရေဒီယို သတင်းဌာနကို အခိုင်အမာ ပြောပါတယ်။ ပထမဗုံးကွဲမှုကို တုံ့ပြန်သူတွေကို ပစ်မှတ်ထားပြီး ဒုတိယကားဗုံးကို ဖောက်ခွဲခဲ့တာလို့လည်း ပြောပါတယ်။ ပထမကားဗုံးမှာ သေဆုံးသူတွေဟာ စစ်သား အများစုဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ရဲတွေက အစောပိုင်းမှာ ပြောပါတယ်။ ဒုတိယ ပေါက်ကွဲမှု ဖြစ်တဲ့နေရာနားမှာ ရှိနေတဲ့ မျက်မြင်သက်သေကတော့ အလောင်း ၂လောင်းထက် မနည်း မြင်ခဲ့တယ်လို့ ပြောပါတယ်။ အယ်လ်ရှာဘတ် စစ်သွေးကြွတွေဟာ မိုဂါဒစ်ရှူး မြို့တော်ကို မကြာမကြာ တိုက်ခိုက်လေ့ ရှိပါတယ်။ သူတို့က အစိုးရကို ဖြုတ်ချပြီး အစ္စလာမစ် ရှရီယာဥပဒေနဲ့ အုပ်ချုပ်ဖို့ လိုလားနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up