Home
မြန်မာသတင်း
နန်းဖာလုံဈေးတွင် အိန္ဒိယမှ လျှပ်စစ်မီး တဆင့်ခံဝယ်သုံးနေရ၍ အခက်အခဲကြုံတွေ့
DVB
·
December 22, 2018
အိန္ဒိယ-မြန်​မာ နယ်​စပ်​​ဈေးဖြစ်​တဲ့ နန်းဖာလုံ​ဈေးကြီးမှာ လျှပ်စစ်မီးကို အိန္ဒိယနိုင်ငံကနေ တဆင့်ခံဝယ်ယူသုံးစွဲနေရလို့ ဈေးသူသားတွေ အခက်အခဲ ကြုံနေရပါတယ်။ အရင်က ​နန်းဖာလုံ​ဈေးမှာ ဈေးပိုင်​မီစက်​ကြီးနဲ့ သုံးစွဲချိန်​မှာ ​ဈေး​ကော်မတီရန်​ပုံ​ငွေ အမြတ်​ရပြီး  ဈေးအတွင်းအကြိုးပြုလုပ်​ငန်းတွေကို ​ထောက်​ပံ့နိုင်​ခဲ့ပေမယ့် အခု အိန္ဒိယက ပေး​တဲ့ မီးကို မီးလင်း​ရေး​ကောမတီမှတ​ဆင့် ဝယ်​ယူအသုံးပြုနေရလို့ အခက်အခဲ ကြုံနေကြရတာပါ။ အခုလို ၀ယ်သုံးနေရတာကြောင့် ဈေး​ကော်မတီရန်​ပုံ​ငွေထဲမှ ၁ ​လ ၉ သိန်းနီးပါး စိုက်​ထုတ်​​နေရပြီး ဈေးအတွင်း အကျိုးပြုလုပ်​ငန်းတွေ လုပ်​နိုင်​​တော့မှာမဟုတ်ဘဲ မီးပါဖြတ်​​သောက်​မယ့် အ​ခြေအ​နေဖြစ်​​နေတယ်​လို့ နန်းဖာလုံ​ဈေးဥက္ကဋ္ဌ ဦးခင်​​မောင်​ချိုက​ ပြောပါတယ်​။ “မီတာ​ဈေးတက်​ဖို့မရှိပါဘူး။ အိန္ဒိယက တယူနှစ် ​6.40 Rs နဲ့ ဝယ်​ယူပြီး မြို့တွင်းမှာ ၁ ​ယူနှစ်​ကို မြန်​​ငွေကျပ်​ ၂၀၀ နဲ့ ​ရောင်းချပြီး နန်းဖာလုံ​ဈေမှာတော့ ၂၄၀ နဲ့ ​ရောင်းချထားပါတယ်​။ ​ဈေးအတွင်း မီတာအ​လေအလွင့်များရှိ​နေပြီး မိမိတို့ဘက်​မှ အခုထက်​တိုး​တောင်းယူခြင်းမရှိဘူး” လို့ မီးလင်း​ရေ​ကောမတီဥက္ကဋ္ဌ ဦးသာခင်​က ​ပြောပါတယ်​။ လွှတ်​​တော်​ကိုစားလှယ်​ ဦးမြင့်နိုင်​ဦးက မီတာအ​လေအလွင့် မရှိ​စေဖို့ ​တမူးမြို့ လျှပ်စစ်​အင်​ဂျင်​နီယာတွေနဲ့ တိုင်​ပင်​ပြီး ​ဈေးအတွင်း သွားရောက်​စစ်​​ဆေးမယ်​လို့ ​ပြောပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024