ရန်ကုန်စက်မှုဇုန်များကို နိုင်ငံတကာစက်မှုဇုန်ဖြစ်အောင်ကြိုးပမ်းမည်

ရန်ကုန်တိုင်းက စက်​မှုဇုန်​​တွေကို နိုင်​ငံတကာ စက်​မှုဇုန်​​တွေဖြစ်​​အောင်​ ကြိုးပမ်း​ဆောင်​ရွက်​​နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်အသင်း ၂၅ နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပြီး စက်မှုဇုန်တွေဟာ တိုင်းအတွက်​ စီးပွားရှာ​ပေး​နေတဲ့​နေရာ​ တွေဖြစ်လို့ နိုင်ငံတကာစက်မှုဇုန်ဖြစ်အောင် လုပ်မှာလို့လည်း ပြောပါတယ်။ "စက်​မှုဇုန်​​တွေကို နိုင်​ငံတကာ စက်​မှုဇုန်​​တွေဖြစ်​​အောင်​ ကြိုးပမ်း​ဆောင်​ရွက်​​နေပါတယ်​။ ဘာ​ကြောင့်လဲဆို စက်​မှုဇုန်​တွေက ကျနော်​တို့ တိုင်းအတွက်​ စီးပွားရှာ​ပေး​နေတဲ့ ​နေရာ​တွေဖြစ်​ပါတယ်​။ ဒီ​နေရာ​တွေရဲ့ လုံခြုံစိတ်​ချရမှု၊ ဖွံ့ဖြိုးတိုးတက်​မှု၊ ဒီ​နေရာ​တွေအားလုံးဟာ မြို့​တော်​ကြီးရဲ့ ဂုဏ်​အင်္ဂါ​တွေနဲ့ညီညွတ်​​အောင်​ ကျနော်​တို့​ ဆောင်​ရွက်​သွားကြရမှာဖြစ်​ပါတယ်​။ မကြာခင်​ စက်​မှုဇုန်​ အဆင့်မြင့်တင်​​ရေး​ကော်​မတီကို စီမံခန့်​ခွဲမှု​ကော်​မတီ​တွေနဲ့​ပေါင်းပြီး ဖွဲ့စည်း​ဆောင်​ရွက်​​ပေးသွားမှာဖြစ်​ပါတယ်။” အစိုးရသစ်​ စတင်​တာဝန်​ယူချိန်​ ကာလထဲက​နေ စက်​မှုဇုန်​​တွေ စီမံခန့်​ခွဲ​နေသူ​တွေကို ​တွေ့ဆုံမှု​တွေပြုလုပ်ခဲ့ပြီး ဘာ​တွေပြုပြင်​​ပြောင်းလဲသင့်လည်း ဆိုတဲ့အ​ခြေအ​နေနဲ့ ပတ်​သက်​ ပြီး​တော့လည်း နိုင်​ငံတကာအဖွဲ့အစည်း​တွေက​နေ ကူညီခဲ့တာရှိတဲ့အကြောင်းလည်း ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ အထူးစီးပွား​ရေးဇုန်​သီလဝါနဲ့ စက်မှုဇုန် စုစုပေါင်း ၂၉ ခုထိ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up