အမေရိကန်တပ်များ ဆီးရီးယားမှ ထွက်ခွာရန် သမ္မတ ထရမ့် အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်တပ်တွေ ဆီးရီးယားကနေ ထွက်ခွာဖို့ ဒီဇင်ဘာ ၁၉ ရက်နေ့က အမိန့်ပေးလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်စစ်တပ် တပ်မှူးတွေ၊ ဥပဒေပညာရှင်တွေနဲ့ မဟာမိတ်တွေကို အံ့အားသင့်ခဲ့ရပါတယ်။ အခုလို တပ်တွေဆုတ်ခွာရမယ့် အမိန့်ကြောင့် ရုရှားနဲ့ အီရန်တို့အတွက် အားတက်စေမှာဖြစ်ပြီး အိုင်အက်စ်တိုက်ဖျက်ရေး ပန်းတိုင်ကို အဆုံးမသတ်သေးဘဲ ချန်ထားရတော့မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဝေဖန်သုံးသပ်ကြပါတယ်။ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒေသတွင်းလွှမ်းမိုးမှု တိုးမြှင့်နိုင်ဖို့ ဆီးရီးယားအစိုးရကို ပံ့ပိုးပေးနေကြတဲ့ ရုရှားနဲ့ အီရန်တို့အတွက် အကျိုးရှိသွားစေလိမ့်မယ်လို့ ပင်တဂွန်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။ ဒီကြေညာချက်ဟာ ဘာကိုဆိုလိုတယ်ဆိုတာနဲ့ အမေရိကန် ဦးဆောင်တဲ့ အိုင်အက်စ် ဆန့်ကျင်ရေး လှုပ်ရှားမှု မဟာမိတ်တပ်ဖွဲ့မှာ ပြင်သစ်တွေရဲ့ ပူးပေါင်းပါဝင်နေမှုအပေါ် ဘယ်လိုအကျိုးသက်ရောက်လာနိုင်တယ် ဆိုတာတွေကို သိရှိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြင်သစ်တာဝန်ရှိသူတွေကလည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up