Homeမေးမြန်းခန်း
တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ကျန်ဝန်ကြီးတွေနဲ့ တန်းတူ အခွင့်အရေးရရှိစေရမယ်လို့ သမ္မတ အာမခံ
တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ကျန်ဝန်ကြီးတွေနဲ့ တန်းတူ အခွင့်အရေးရရှိစေရမယ်လို့ သမ္မတ အာမခံ
အေးနိုင်
·
September 7, 2012
သမ္မတဦးသိန်းစိန်က ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ရွေးချယ်တင်မြှောက်က်ခံရတဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ပါးကို နေပြည်တော်မှာ ဒီကနေ့တွေ့ဆုံပြီး ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးက ကက်ဘိနက်ဝန်ကြီးတွေလိုပဲ အဆောင်အယောင်နဲ့ ကက်ဘိနက်အစည်းအဝေးတက်ခွင့်ပါ တန်းတူညီတူ ပေးမယ်လို့ အာမခံလိုက်ပါတယ်။
ဒီလိုသဘောတူညီချက်ကြောင့် တိုင်းနဲ့ပြည်နယ်တွေက အစိုးရအဖွဲ့တွေမှာ တိုင်းရင်းသားဝန်ကြီးတွေ ကျန်ဝန်ကြီးတွေနဲ့မတူ ခွဲခြားဆက်ဆံခံရမှု အဆုံးသတ်တော့မှာဖြစ်ပါတယ်။
နေပြည်တော်မှာ သမ္မတနဲ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။
