Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
December 20, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုး တွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Action Adventure Superhero ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Aquaman !     ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ Warner Bros. က တင်ဆက်လိုက် တာဖြစ်ပြီး Saw, The Conjuring စတဲ့ နာမည်ကြီးရုပ်ရှင် Series တွေရဲ့ ဖန်တီးရှင် ဒါရိုက်တာ James Wan က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     Aquaman ဆိုတာ ပရိသတ်တွေနဲ့ စိမ်းတဲ့ ဇာတ်ကောင်တော့ မဟုတ်ပါဘူး။ မ နှစ်က ထွက်ရှိခဲ့တဲ့ Justice League ရုပ်ရှင်ကားထဲမှာ Superman, Batman, Cyborg, Flash, Wonderwoman စတဲ့ DC ဇာတ်ကောင်တွေနဲ့အတူ ပါဝင်ထားပြီး အဲဒီ ကားထဲမှာပဲ စတင်ပြီး ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ အခုမိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကတော့ သူ့ရဲ့ တကိုယ်တော်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အတ္တလန်တစ် ရေအောက်တိုင်းပြည်က မင်းသမီးမိခင်ဖြစ်သူနဲ့ လူသားဖခင်တို့က မွေးဖွားလာတဲ့ Arthur Curry မှာ ထူးခြားတဲ့ စွမ်းအင်ပါဝါတွေနဲ့ အဏ္ဏ၀ါပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်စွမ်းတွေ၊ ရေအောက်တိုင်းပြည်က အတ္တလန်သားတွေနဲ့ ဆက်သွယ်နိုင်တဲ့ ပါဝါ တွေကို ပိုင်ဆိုင်ထားပါတယ်။ ရေအောက်ကမ္ဘာရဲ့  ဘုရင်တပါးအဖြစ် ထိုက်တန် သူအနေနဲ့ မွေးဖွားလာခဲ့တဲ့ သူ့အနေနဲ့ ဘာတွေ ရင်ဆိုင်ရမလဲ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ သွေးတ၀က်နှောတဲ့ အစ်ကိုဖြစ်သူ Orm က အတ္တလန်တစ်ဘုရင်အနေနဲ့ အုပ်ချုပ် နေချိန်ဖြစ်ပြီး သူက ရေအောက်စစ်တပ်အင်အားကို အသုံးပြုပြီး လူသားတွေနဲ့ ကြီးမား တဲ့ စစ်ပွဲဆင်နွှဲဖို့ ကြံစည်ချိန်မှာတော့ Aquaman ဟာ ရေအောက်ကမ္ဘာမှ ချစ်သူ လူ စွမ်းကောင်းမင်းသမီး Mera နဲ့ ပူးပေါင်းပြီး အစ်ကိုဖြစ်သူ Orm ကို ဘယ်လိုရင်ဆိုင်မ လဲဆိုတာတွေကို အထူးပြုလုပ်ချက်တွေ၊ စူပါပါဝါအားသုံးပြီး စွန့်စားမှုတွေ၊ တိုက်ခိုက်မှု တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ Aquaman အဖြစ် အမေရိကန်သရုပ်ဆောင်မင်းသား Jason Momoa က ခေါင်းဆောင်ပါဝင်ထားပြီး မင်းသမီး Amber Heard ကတော့ လူစွမ်း ကောင်းမင်းသမီး Mera အဖြစ် ပါဝင်ထားတာ ဖြစ်ကာ တခြားနာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Willem Dafoe, Patrick Wilson, Nicole Kidman စတဲ့ သရုပ်ဆောင်တွေအများကြီးကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ Aquaman ရုပ်ရှင်ကားဟာ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးနေခဲ့တာဖြစ်ပြီး IMDb မှာလည်း Rating 7.9 အထိ ရရှိထားတဲ့ ဇာတ်ကား တကားဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းအထူးပြုလုပ်ချက်တွေ၊ တိုက်ခိုက်မှုတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့်သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၁၆၀ နဲ့ ၂၀၀ ကြား အကုန်အကျခံရိုက်ကူး ထားတဲ့ ဒီရုပ်ရှင်ကားကို တရုတ်၊ ဗြိတိန်၊ ဘရာဇီး၊ ရုရှားစတဲ့ နိုင်ငံတချို့မှာတော့ အခုလပထမပတ်လောက်ကတည်းက ရုံတင်ပြသနေပြီး Box Office မှာဝင်ငွေ အမေရိ ကန်ဒေါ်လာ ၂၆၁ ဒဿမ ၃ သန်းထိ စံချိန်တင်ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၄၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ တကမ္ဘာလုံးမှာ လာမယ့် ဒီဇင် ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဘောလိဝုဒ် Roman -tic Drama အမျိုးအစားရုပ်ရှင် ပရိသတ်တွေအကြိုက်တွေ့ကြမယ့် Zero !     ဒီကားကိုတော့ အိန္ဒိယရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Red Chillies Entertainment နဲ့ Colour Yellow Productions တို့က စီစဉ်တင်ဆက်လိုက်တာ ဖြစ်ပြီး ဘောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Aanand L. Rai က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ Shah Rukh Khan ကို ထူးထူးခြားခြား လူပုလေး Baua Singh အဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။ သူဟာ အရပ်ပုနေတဲ့အတွက် အသက် ၄၀ နားနီးလာတဲ့ အချိန်ထိ လက်ထပ်ချင်သူ မရှိပဲ ဖြစ်နေ ရချိန်မှာ အိမ်ထောင်ရေး အကျိုးဆောင်ဝက်ဘ်ဆိုဒ်တခုကနေ သတို့သမီးရှာဖို့ အကူအ ညီတောင်းခဲ့တယ်။ ဒါပေမယ့် ဘာမှထူးမလာလို့ နယူးဒေလီထိလိုက်သွားခဲ့ချိန်မှာ ရုံးမှာ မိဘတွေပို့ထားလို့ ဓာတ်ပုံရောက်နေတဲ့ Anushka Sharma ရဲ့ ပုံကိုတွေ့သွားခဲ့တယ်။ ဒါကို သဘောကျပြီး သူက Anushka ကို သဘောကျပြီး သူ့ဆီ လိုက်သွားခဲ့ချိန်မှာ မ သန်စွမ်းတယောက်မှန်းသိခဲ့ရပေမယ့် ၂ ယောက်သား ချစ်ကြိုက်သွားခဲ့တယ်။ Anushka က ဒီကားထဲမှာ NASA မှာ အလုပ်လုပ်နေတဲ့ သိပ္ပံပ ညာရှင်တယောက်အ နေနဲ့ ပါဝင်ထားတာပါ။ အဲဒီအချိန်မှာ သူတို့ ၂ ယောက်ကြား အရက်စွဲနေတဲ့ ဘောလိ ၀ုဒ်မင်းသမီးတယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Katrina Kaif တယောက်ဝင်လာ ခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို သုံးပွင့်ဆိုင် ဇာတ်လမ်းတခုအနေနဲ့ ရှု စားကြရမှာ ဖြစ်ပါတယ်။     ဒီကားထဲမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘောလိဝုဒ်သရုပ်ဆောင်မင်းသမီး Sridevi နဲ့အတူ တခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Salman Khan, Kajol စတဲ့ သရုပ်ဆောင်တွေကလည်း ဧည့်သည်တော်တွေအဖြစ် ပါဝင်ထားခဲ့ကြတာ ဖြစ်ပါ တယ်။     Hindi စကားပြော ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကို ဘတ်ဂျတ် အမေရိ ကန်ဒေါ်လာ ၂၈ သန်းလောက် အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပြီး အခုနှစ်မှာထွက် ရှိလာတဲ့ Shah Rukh Khan ရဲ့ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။     ကြာမြင့်ချိန် ၁၆၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၁ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တာကတော့ မြန်မာရုပ်ရှင် ပရိသတ်တွေကြိုက်နှစ်သက်ကြမယ့် ရုပ်ရှင်ကား - နောင်တွင်ဥဒါန်းတွင်စေသတည်း ! ဒီကားကိုတော့ မြို့ရွှေမန်းသားရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ကိုးဆယ်ဆသာ လိမ့်မယ်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မောင်ယဉ်အောင်က ဇာတ်လမ်း ဇာတ် ညွှန်းခွဲပြီး ကိုယ်တိုင်ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်၊ ဆေးတက္ကသိုလ် မန္တလေးရဲ့ ရွှေရတုအ ခမ်းအနားမှာ တင်ဆက်ခဲ့တဲ့ ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တယောက်ရဲ့ သစ္စာတရားကို အဓိကထားပြီး ပုံဖော်ရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ ပုဂံနဲ့ မန္တလေးဝန်းကျင် ရှုခင်းအလှအပတွေနဲ့အတူ ဇာတ်ကောင် တွေရဲ့ အချစ်နဲ့ မာန၊ ပညာနဲ့ ငွေ၊ နာကျည်းမှုနဲ့ သစ္စာတရားတွေရဲ့ အားပြိုင်မှုတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရန်အောင်၊ ရဲ အောင်၊ ဖိုးချစ်၊ အလင်းရောင်၊ ထွန်းအိန္ဒြာဗို၊ အေးမြတ်သူ၊ ရတနာဗို၊ ချိုပြုံး၊ မေသန်းနု၊ မေသဉ္ဇာဦးတို့နဲ့အတူ လူမင်းကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။ မြန်မာမှုအငွေ့အသက်တွေနဲ့ ဒရာမာရုပ်ရှင်ကားတကားအဖြစ် ရှုစားကြရမယ့် ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုပ်ရုံမှာ ပြုလုပ်ခဲ့တာပါ။ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တဲ့ နောင်တွင်ဥ ဒါန်းတွင်စေသတည်း ရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြ သတော့မှာ ဖြစ်ပါတယ်။     ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ် Sci-Fi Action အမျိုးအစား ရုပ်ရှင်ပရိသတ်အကြိုက် Bumblebee !     ဒီကားကိုတော့ နာမည်ကြီး Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက တင် ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Travis Knight က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။     Bumblebee လို့ ပြောလိုက်တာနဲ့ Transformers ရုပ်ရှင်ပရိသတ်တွေက ရင်းနှီး ကြပြီးဖြစ်သလို ဒီကားတွေရဲ့ အဓိကဇာတ်လိုက် ၂ ယောက်ထဲက တယောက်လို့ပြောရ လောက်အောင် Autobot တွေကြားမှာ တမူထူးခြားတဲ့ အရည်အသွေးရှိတဲ့ ဇာတ် ကောင်ဖြစ်ပါတယ်။ Transformers ရုပ်ရှင် Series တွေရဲ့ ၆ ကားမြောက်အဖြစ် ထွက်ရှိလာတဲ့ ဒီကားထဲမှာတော့ Bumblebee ကို ဘယ်လိုထူးခြားတဲ့ အထူးပြုလုပ် ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင် မှာ ပရိသတ်တွေက ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။     ဒီကားထဲမှာ အမေရိကန်သရုပ်ဆောင်မင်းသမီး Hailee Steinfeld ကတော့ Bumblebee နဲ့တွေ့ရှိပြီး မိတ်ဆွေဖြစ်သွားခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး Charlie Watson နေရာက အဓိကပါဝင်သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Dylan O'Brien, John Cena, Jorge Lendeborg Jr. တို့ကလည်း အတွဲညီ ညီနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက်ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။     ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၁၀၂ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ် ရှင်ကားဟာ IMDb မှာလည်း Rating 7.2 ထိ ရရှိထားပြီး အထူးပြုလုပ်ချက်တွေ၊ သ ရုပ်ဆောင်မင်းသမီး Hailee Steinfeld ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေ လည်း ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၁ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မြန် မာအချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ရည်းစားတစ်ဝမ်းကွဲ !     ဒီကားကိုတော့ Frenzo နဲ့ Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဆု မြတ်မွန်မွန်ရဲ့ ၀တ္ထုကို ညာလက်တော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ကိုဇော်( အရုဏ်ဦး)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီကားဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်ကတည်းက ရိုက်ကူးထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာမှ ရုံတင်ပြသခဲ့တာ ဖြစ်ပေမယ့် အဓိကသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေး အမာခံ ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တဲ့ ဇာတ်ကားတကားပါ။ သူငယ်ချင်းလည်းမက ရည်းစားလည်းမကျတဲ့ အခြေအနေနဲ့ ဒီကားထဲမှာ စိုင်းစိုင်း ခမ်းလှိုင်၊ ဖွေးဖွေးတို့နဲ့အတူ မြနှင်းရည်လွင်နဲ့ တခြားသရုပ်ဆောင်တွေက ဘယ်လို အချစ်ဟာသ ဆန်ဆန်သရုပ်ဆောင်ထားကြမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစား ကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲက ဇာတ်ဝင်သီချင်းကိုတော့ Myanmar Idol တေးသံရှင် အဆိုတော် ပိုးမီက သီဆိုထားတာ ဖြစ်ပါတယ်။ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ Junction City မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024