ညပိုင်းအလုပ်​ဆင်းမည့် အလုပ်သမားများအတွက် YBS ဘတ်စ်ကား ၂၄ နာရီပြေးဆွဲပေး

ညပိုင်းအလုပ်​ဆင်းမယ့် အလုပ်သမားတွေအပါအ၀င် ညဘက် သွားလာကြမယ့် ခရီးသွားပြည်သူတွေအတွက်ရည်​ရွယ်​ပြီး YBS  98 ၊99၊ 20 ၊83 ယာဉ်​လိုင်းတွေကို ဒီဇင်​ဘာ ၁၉ရက်ကစပြီး ၂၄ နာရီ​ စတင်ပြေဆွဲ ပေး​နေပြီ ဖြစ်ပါတယ်​။ လိုက်ပါစီးနင်းမယ့်​ခရီးသွား​တွေ လုံခြုံ​ရေးအတွက် ၂၄ နာရီ​စောင့်ကြည့်စင်​တာ​တွေက​နေ ထိန်းချုပ်မှာ ဖြစ်သလို  ကား​ပေါ်မှာလည်း ယာဉ်​အကူထားရှိပေးမှာ ဖြစ်​ပါတယ်​။ လှိုင်သာယာ မီးခွက်​​ဈေး၊ ရုံး​ရှေ့​၊​ ပေါက်​​တောဝ၊ ဘုရားလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သီရိမင်္ဂလာ​ဈေး၊​ မြေနီကုန်း၊ သခင်​မြပန်းခြံအထိပြေးဆွဲပြီး  မှတ်​​တိုင်တွေမှာ ၃ မိနစ်​က​နေ ၅မိနစ်​အထိ ရပ်​တန့်​​ပေးမှာဖြစ်​ပါတယ်။ ကြားမှတ်​တိုင်​​တွေမှာ​တော့ ရပ်​တင်​ချစနစ်​နဲ့​ ပြေး​ဆွဲ​ပေးသွားမယ်လို့လည်းဆိုပါတယ်​။ ယာဉ်​စီးခကိုတော့ မူလသတ်​မှတ်​ထားတဲ့ ၂၀၀ကျပ်​​ပဲ​ ကောက်​ခံသွားမှာဖြစ်​ပါတယ်​။ ၂၄ နာရီ​ ပြေး​ဆွဲ​ပေး​နေတဲ့ Airpot Shuttel Bus ပြီးရင်​အခု တ​ချိန်​တိုးချဲ့​ပေးတာဟာ ဒုတိယအကြိမ်​ဖြစ်​ပါတယ်​။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up