Home
မြန်မာသတင်း
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမဆုံးအကြိမ်​ နိုင်ငံလုံးဆိုင်ရာအစည်းအဝေးကျင်းပ
Aung Aung Naing
·
December 19, 2018
48428654_223092341914598_1275227145106358272_n
48416453_223092558581243_5394976809269854208_n
48420988_223091615248004_3809885357353205760_n
48407878_223091901914642_7838889925989629952_n
48397559_223092295247936_9097571199214419968_n
48385675_223091821914650_1905943212783042560_n
48385263_223091728581326_4784640949823209472_n
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာအစည်းအဝေးကို  မန္တ​လေးတိုင်း​၊ ပြင်​ဦးလွင်​မြို့နယ်​၊ အာရှအလင်း​ရောင်​​ဖောင်​ဒေးရှင်းမှာ ဒီဇင်ဘာ ၁၉ ရက်က စတင်ပြီး ၃ရက်ကြာ ကျင်းပနေပါတယ်​။ လူ့ဘောင်သစ်ပါတီဟာ ဒီမိုကရေစီလုပ်နည်းလုပ်ဟန်တွေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လှုပ်ရှားနေတဲ့ ပါတီဖြစ်ပြီး  ဒီလို အခြေအနေမျိုးကိုတည်ဆောက်ချင်တာကြောင့် နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးပြုလုပ်ရတာလို့ ပါတီ ဥက္ကဋ္ဌက​ပြောပါတယ်​။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ မြန်မာနိုင်ငံအနှံ့ မြို့နယ် ၃၃ မြို့နယ်မှာ ကော်မတီ တွေ ဖွဲ့စည်းထားသလို စည်းရုံးရေးကော်မတီနဲ့ လူငယ်ကော်မတီတွေ ဖွဲ့စည်းထားပြီး ဖြစ်​တယ်​လို့​လည်း ပြောပါတယ်။ ဒီအစည်းအဝေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွန်ယက်၊ ပြည်​သူ့ပါတီ​နဲ့ တောင်​သူလယ်​သမားများကွန်​ယက်​ အပါအဝင်တခြား နိုင်ငံရေးပါတီတွေ တက်​​ရောက်​ပြီး အဖွဲ့အစည်း ၂၀​ကျော်​က​ သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ ဒ့ါအပြင် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ နိုင်ငံတကာဆက်ဆံရေးအဖွဲ့ အတွင်းရေးမှူးနဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေလည်း တက်ရောက်လာကြပါတယ်။ အစည်းအဝေး တက်ရောက်လာတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်တပ်ဦး ကိုယ်စားလှယ် ဦးမြအေးက “ကျနော်တို့ ဒီမိုကရေစီကို သွားမယ်ဆိုရင် ဒီမိုကရေစီချည်းတိုင်း တတွတ်တွတ် ရွတ်​နေမယ်​။ ဒါပေမယ့် ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ဘေးပစ်ထားမယ်ဆိုရင် ကြက်တူရွေး အော်သလို အော်နေတဲ့ ကြက်တူရွေး ဒီမိုကရေစီသာဖြစ်မယ်”လို့ ပြောပါတယ်​။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ လူထုအရေးတော်ပုံနောက်ပိုင်းမှာ ကျောင်းသားအများစုနဲ့ ဖွဲ့စည်းထူထောင်ခဲ့တဲ့ ပါတီဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလက အင်အားကြီး ပါတီတခုအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024