Home
မြန်မာသတင်း
နာဂရိုးရာယဉ်ကျေးမှု လေ့လာရေး ၉ ရက်ကြာခရီးစဉ်စတင်မည်
သူဇာလင်း
·
December 19, 2018
48394547_2238299036194194_4230804886939238400_n
48393853_2238298999527531_5486373567299846144_n
48373977_2238299099527521_3866053333332525056_n
48368031_2238299199527511_3181540081559142400_n
48367647_2238299296194168_5856886162404147200_n
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းရဲ့ ၇ ကြိမ်မြောက် နာဂဒေသခရီးစဉ်ကို လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်ကနေ ၁၈ ရက်အထိ ၉ ရက်ကြာ ပြုလုပ်ဖို့ရှိပါတယ်။ ဒီခရီးစဉ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နာဂရိုးရာ ယဉ်ကျေးမှုဓလေ့တွေကို လေ့လာနိုင်ဖို့အတွက် လုပ်ဆောင်နေရတာဖြစ်တယ်လို့ ခရီးစီစဉ်သူတွေ က ပြောပါတယ်။ အဲဒီခရီးစဉ်ကိုတော့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ဒီခရီးစဉ်မှာ ကား ၁၉ စီးနဲ့ ခရီးသွားဧည့်သည် ၆၁ ဦး လိုက်ပါလည်ပတ်ကြမှာပါ။ ခရီးစဉ်ဝန်ဆောင်ခအဖြစ် လူတယောက်ကို ကားပါခဲ့ရင် ငွေကျပ် ၆ သိန်းခွဲ ပေးရမှာဖြစ်ပြီး ကားမပါတဲ့ သူအတွက်ကတော့ ငွေကျပ် ၁၀ သိန်းကို ခရီးစဉ်အတွက် ဝန်ဆောင်ခ အဖြစ် သတ်မှတ်ထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024