Home
သတင်းဓာတ်ပုံ
ခရစ္စမတ်ကျေးဇူးတော်ချီးမွမ်းပွဲ နေပြည်တော်တွင်ကျင်းပ
DVB
·
December 19, 2018
မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးတွေ စုပေါင်းကျင်းပတဲ့ “ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်နဲ့ မိတ်သဟာယ ညစာစားပွဲ”ကို မနေ့ညက နေပြည်တော်ရှိ  အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ကျင်းပပါတယ်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်တို့ စုပေါင်းကျင်းပတာ ဖြစ်ပါတယ်။ အခမ်းအနားကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ  ပြည်ထောင်စု ဝန်ကြီးတွေ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးတွေ၊ သိက္ခာတော်ရဆရာတော်တွေ၊ ခရစ်ယာန်အသင်း တော်တွေက ကိုယ်စားလှယ်တွေနဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- President Office
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024