မန္တလေးအမျိုးသားဇာတ်ရုံတွင် မဏိပူရ်ယဉ်ကျေးမှုအကအဖွဲ့ ဖျော်ဖြေ (ဓာတ်ပုံ)
Aung Aung Naing
·
December 18, 2018
မန္တလေးမြို့၊ အမျိုးသားဇာတ်ရုံမှာ မဏိပူရ်ယဉ်ကျေးမှုအကအဖွဲ့က ၅ ကြိမ်မြောက် International Sankirtan Dayနေ့ အထိမ်းအမှတ်အဖြစ် မနေ့ညက ဖျော်ဖြေခဲ့ကြပါတယ်။
မန္တလေးကို ပထမဆုံးအကြိမ်လာရောက်ပြီး နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ဖို့နဲ့ ကုန်သွယ် စီးဆင်းမှု အလုံးစုံ အဆင်ပြေစေဖို့ ရည်ရွယ် ကျင်းပတာဖြစ်ပါတယ်။
မဏိပူရ်က လာရောက်ခဲ့ကြတဲ့ ယဉ်ကျေးမှုအကအဖွဲ့ ၇ ဖွဲ့နဲ့အတူ လူဦးရေ ၆၀ ကျော်က မဏိပူရ်ရိုးရာသီချင်းတွေ၊ ဗုံအကဇာတ်လမ်းတိုတွေ၊ ရိုးရာယဉ်ကျေးမှု အကအလှတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။