DVB Logo
Home
မြန်မာသတင်း
စိုင်းစိုင်းခမ်းလှိုင်နှင့် ဖွေးဖွေးတို့ ခေါင်းဆောင်ပါဝင်သည့် ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင် (နမူနာ)
DVB
·
December 18, 2018
စိုင်းစိုင်းခမ်းလှိုင်နှင့် ဖွေးဖွေးတို့ ခေါင်းဆောင်ပါဝင်သည့် ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင် (နမူနာ)
Donate to DVB

မြန်မာအချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ကားကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Frenzo နဲ့ Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဆုမြတ်မွန်မွန်ရဲ့  ဝတ္ထုကို ညာလက်တော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်ကတည်းက ရိုက်ကူးထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာမှ ရုံတင်ပြသနိုင်ခဲ့တာ ဖြစ်ပေမယ့် အဓိကသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေး အမာခံပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တဲ့ ဇာတ်ကားတကားပါ။

သူငယ်ချင်းလည်းမက ရည်းစားလည်းမကျတဲ့ အခြေအနေနဲ့ ဒီကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေးတို့နဲ့အတူ မြနှင်းရည်လွင်နဲ့ တခြားသရုပ်ဆောင်တွေက ဘယ်လို အချစ်ဟာသဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ သရုပ်ဆောင်ထားကြမလဲ ဆိုတာကိုတော့ ပရိသတ်တွေ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲက ဇာတ်ဝင်သီချင်းကိုတော့ Myanmar Idol တေးသံရှင် အဆိုတော် ပိုးမီက သီဆိုထားတာ ဖြစ်ပါတယ်။

ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့ Junction City မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကား နမူနာဟာလည်း ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013