နိုင်ငံတွင်း ရက်ပ်ဂီတကို ထိန်းချုပ်လိုဟု ရုရှားသမ္မတ ပြော

1K
နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းနိုင်တဲ့ ဖြစ်ရပ်တွေကို ထိန်းသိမ်းဖို့ ရက်ပ်ဂီတရဲ့ ပျံ့နှံ့မှုကို ထိန်းချုပ်လိုကြောင်း ရုရှားသမ္မတာ ဗလာဒီမာပူတင်က ပြောတယ်လို့ ဒီဖင်ဘာ ၁၆ ရက်နေ့ Sky News သတင်းဌာမှာ ဖော်ပြပါတယ်။
ရုရှားနို်င်ငံမှာ ရက်ပ်ဂီတရဲ့ လူကြိုက်နှုန်းဟာ သိသိသာာသာတိုးပွားနေတာပါ။ သမ္မတပူတင်ဟာ နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ ခေါင်းဆောင်းတွေနဲ့ စိန့်ပီတာစဘတ်မြို့မှာ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာပါ။
ဒါ့အပြင် ပူတင်က ဆန္ဒပြမှု၊ မူးယစ်ဆေးဝါးနဲ့ လိင်ကိစ္စတို့ဟာ ရက်ပ် ဂီတရဲ့ ပင်မအကြောင်းအရာတွေ ဖြစ်တာကြောင့် နိုင်ငံတွင်း ရက်ပ်ဂီတကို တားမြစ်ဖို့လည်း မဖြစ်နိုင်ကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ပူတင်က မူးယစ်ဆေးဝါးအသုံးပြုမှုကို လှုံ့ဆော်တဲ့အရာတိုင်းဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အရာတွေ ဖြစ်ကြောင်း၊ ဒီအချက်ဟာ သူစိုးရိမ်မိတဲ့ အကြောင်းအရာဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားသမ္မတရဲ့ ပြောစကားဟာ ရုရှားနိုင်ငံအတွင်း ခေတ်ပေါ်တေးဂီတတွေနဲ့ ပတ်သက်တဲ့ နှိပ်ကွပ်မှုတွေ ဖြစ်ပေါ်နေချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာက ရုရှားနိုင်ငံတွင်းမှာ ဟက်စကီးလို့ လူသိများတဲ့ ရက်ပ်ပါတစ်ယောက် အဖမ်းခံခဲ့ရပါတယ်။
ဟက်စကီးဟာ ကားတစီးပေါ်မှာ ကြုံသလို ဖျော်ဖြေပွဲတခု ပြုလုပ်ခဲ့ပြီးချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
အသက် ၂၅ နှစ်အရွယ် ရက်ပ်ပါ ဟက်စကီးဟာ ယူကျူ့စ်မှာ ဝင်ရောက် ကြည့်ရှုသူ ၆ သန်းလောက် ရှိတဲ့ အနုပညာရှင်တဦးဖြစ်ပြီး သူ့ဖျော်ဖြေပွဲမှာ အစွန်းရောက်မှုနဲ့ ပတ်သက်တဲ့အ ကြောင်းအရာတွေ ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပြီးနောက် ကားပေါ်မှာ ကြုံသလို ဖျော်ဖြေပွဲ ကျင်းပခဲ့ရတာလည်း ဖြစ်ပါတယ်။
ဟက်စကီးဟာ ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှုနဲ့ ရဲတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေအကြောင်းကို သီချင်းထဲ ထည့်သွင်းသီဆိုခြင်းအတွက် ထင်ရှားသူလည်း ဖြစ်ပါတယ်။
ဟက်စကီးအပြင် ရက်ပ်ပါ Gone.Fludd နဲ့ ရက်ပ်ပါ Allj တို့ကလည်း နှိပ်ကွပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့တွေအပြင် ပေါ့ပ်စတား မိုနီတော့ကာနဲ့ ပန့်ခ်တီးဝိုင်း ဖရန့်ဇိုနာတို့ရဲ့ ဖျော်ဖြေပွဲတွေကိုလည်း အစိုးရပိတ်ပင်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။