DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီဒုဥက္ကဋ္ဌဟောင်း ဆရာကြီးတူရယ် ကွယ်လွန်
DVB
·
September 6, 2012
ကေအန်ပီပီဒုဥက္ကဋ္ဌဟောင်း ဆရာကြီးတူရယ် ကွယ်လွန်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့ ကရင်နီပြည်တိုးတက်ရေးပါတီ (ကေအန်ပီပီ)ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဆရာကြီးတူးရယ်ဟာ စက်တင်ဘာ ၄ ရက်နေ့ မနက်က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

[caption id="attachment_30451" align="alignleft" width="227" caption="ဆရာကြီးတူရယ်"][/caption]

ကေအန်ပီပီအတွင်းရေးမှူး ၁ ခူးဦးရယ်က “ကျနော်တို့ သိသလောက် အသည်းခြောက်တာလည်းပါတယ်၊ အူပုပ်တာလည်းပါတယ်။ နောက် ဆီးချိုရောဂါလည်း ရှိတယ်လို့ ဆရာဝန်ကပြောတဲ့အကြောင်း အဲမှာရှိတဲ့ အရာရှိ တယောက်က ပြောတယ်။ အူပုပ်တာ ဖြတ်ရတာပေါ့။ ဖြတ်ပြီးနောက်ပိုင်းမှာတော့ နည်းနည်းကောင်းလာသလိုရှိပြီး နောက် ၂ ရက် ၃ ရက် အတွင်း ချက်ချင်းပဲ အသက်ရှူရပ်ပြီး ဆုံးသွားတယ်လို့ သတင်းရပါတယ်။”

အသည်းခြောက်ရောဂါအပြင် နှလုံးလည်း အလုပ်မလုပ်တော့ဘူးလို့ဆိုခူးဦးရယ်က ပြောပါတယ်။

ဆရာကြီးတူရယ်ဟာ  ဆေးရုံမတက်ခင်က ဝမ်းသွားချိန်မှာသွေးပါပြီး လွိုင်ကော်စစ်ဆေးရုံတွင် ဦးစွာသွားရောက်ကုသခဲ့ပြီးနောက် ဆရာဝန်ကနေပြီး လွိုင်ကော် ပြည်သူ့ဆေးရုံးကြီးဘက်ကို လွှဲလိုက်တယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်အရွယ်ခန့်ရှိပြီဖြစ်တဲ့ ဆရာကြီးတူရယ်ရဲ့ ရုပ်အလောင်းကို သူ့ဇာတိ သေးဆူလဲရွာမှာ ထားပြီး လာမည့် ၇ ရက်နေ့ မနက်မှာ ခရစ်ယာန်ဘာသာနဲ့ အညီ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကေအန်ပီပီဌာနချုပ်မှာလည်း ခေါင်းဆောင်တဦး အတွက် အခမ်းအနားနဲ့ သဂြုင်္ိဟ်မယ်လို့ ခူးဦးရယ်က ပြောပါတယ်။

သူဟာ ကရင်နီ စာပေနဲ့ သာသနာ့ရေးရာဌာနမှာ ညွန်ကြားရေးမှူးအဖြစ်နဲ့ ကရင်နီစာပေ တိုးတက်ပြန့်ပွားရေးအတွက် လုပ်ဆောင်ခဲ့သူတဦးဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကာလ ပြည်တွင်းမှာ ကရင်နီစာပေဖွံ့ဖြိုးရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်ဖို့ အသင်းတွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

ဆရာကြီးတူရယ် ကွယ်လွန်မှုဟာ ကရင်နီ စာပေနဲ့ သာသနာ့ရေးရာ ဌာနအတွက်ရော အဖွဲ့အစည်းအတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

“သူက ခုခံတော်လှန်ရေးမှာလည်း အကြာကြီးပါဝင်လာခဲ့တဲ့ ခေါင်းဆောင်တယောက်၊ နောက် အဓိက နေရာတွေမှာလည်း ပါဝင်လှုပ်ရှားခဲ့တဲ့သူတယောက်ဆိုတော့ ဆုံးရှုံးမှုတခုပေါ့လေ။ စာပေလုပ်ငန်းတွေမှာ ဆက်လက်ဆောင်ရွက်ဖို့ အများကြီးလုပ်ဖို့လည်း ရှိသေးတော့ သူမရှိတော့လည်း ဦးဆောင်မှုအခန်းကဏ္ဍမှာ တအားလျော့သွားတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့အတွက်လဲ ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013