DVB Logo
Home
မြန်မာသတင်း
ကျေးရွာအုပ်ချုပ်ရေးမှူးမပြောင်းလဲပါက ရွာသားများ ဆန္ဒပြမည်
DVB
·
September 6, 2012
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကို အများပြည်သူတွေရဲ့ ဆန္ဒအရ မဟုတ်ဘဲ အထက်က ရွေးချယ်ခန့်အပ်လိုက်တဲ့အတွက် ဒေသခံရွာသားတွေ ဆန္ဒပြမယ်လို့ ပြောပါတယ်။

သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ပြောင်းလဲခန့်အပ်တာမရှိဘဲ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကနေ လူဟောင်းကို ပြန်လည်ခန့်ထားတဲ့အတွက် ရွာသားတွေ မကျေမနပ်ဖြစ်ပြီး ဒီကနေ့ မနက်က မယကရုံးမှာ လာရောက် အရေးဆိုကြတယ်လို့ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအဖွဲ့ ) အထွေထွေအတွင်းရေးမှူးဖြစ်သူ  ကိုရင်အေးက ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျေးရွာသူ ရွာသားတွေက မကျေနပ်လို့ ဒီကို အုပ်စုလိုက် ချီတက်လာလို့၊ ကျနော်တို့ စာရေးတင်ပြီး ညှိနှိုင်းဆွေးနွေးတာလည်း မအောင်မြင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)၊ (ခ) အရ နောက်ဆုံးထိ မပြေလည်ရင် ဆန္ဒပြ သပိတ်မှောက်သွားမယ်။”

ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို စက်တင်ဘာလ ၄ ရက်နေ့တုန်းက ခန့်အပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတဦးက “ ကျနော်တို့ ကျေးရွာအတွက် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုချင်တာပါ။ အခုက သူတို့ကို ကလန်ကဆန်လုပ်မယ့်သူတွေ၊ ထောက်နိုင်မယ့် လူတွေ ၁ ယောက် ၂ ယောက်ကျတော့ ဖြုတ်ထားခဲ့ပြီး ဥာဏ်ရည်မမီတဲ့လူတွေကျတော့ မင်းတို့ ဆယ်အိမ်မှူးလုပ်၊ ကြိုက်လဲလုပ်၊ မကြိုက်လဲလုပ်ဆိုပြီး ဆွဲတင်သွားတာ။”

ကတုံးပေါ်အထက်ကျေးရွာဟာ အိမ်ခြေပေါင်း ၅၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။ အခုလက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဟာ သူတို့ ရွာမှာ အုပ်ချုပ်လာတာ ၃ နှစ် ရှိပြီလို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဟာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသလို သာသနာရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ငွေကြေးအရှုပ်အရှင်းရှိတဲ့အတွက် ရွာကောင်းကျိုး တကယ် လုပ်နိုင်တဲ့သူကို ရွာသားတွေကိုယ်တိုင် ရွေးချယ်လိုတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်တင်မြှောက်ဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီး အချို့နေရာတွေမှာ စတင် အကောင်အထည်ဖော်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013