ဆီးရီးယားသင်္ဘောပေါ်မှ ယူရို သန်း ၁၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဂရိတပ်ဖွဲ့ ဖမ်းမိ

Packages of drugs are seen under the bottom of a container of the cargo ship "Noka" following an operation of the Hellenic Coast Guard, in which cannabis and super-strength amphetamine pills worth more than 100 million euros were confiscated, at the port of Heraklion on the island of Crete, Greece, December 13, 2018. Hellenic Coast Guard /Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES
ဂရိအာဏာပိုင်တွေဟာ ယူရိုငွေ သန်း  ၁၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီရမိတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လစ်ဗျားနိုင်ငံဆီ ဦးတည်ခုတ်မောင်းနေတဲ့ ဆီးရီးယားသင်္ဘောတစီးကို ဂရိကမ်းခြေစောင့်တပ်ဖွဲ့ ကြားဖြတ်ဟန့်တားရာမှ မူးယစ်ဆေး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ “နူကာ” ဆိုတဲ့  ဆီးရီးယားအလံလွှင့် သင်္ဘောပေါ်မှာ ၀ှက်ယူလာတဲ့ ဆေးခြောက် ၆ တန်နဲ့ အားပြင်း "Captagon" အမ်ဖက်တမင်းဆေးပြား ၃  သန်းကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အဆိုပါ မူးယစ်ဆေးတွေကို ဟန်ပြ ကြမ်းခင်းတွေအောက်မှာ ပစ္စည်းထည့် သေတ္တာ ၈ လုံးနဲ့ ဖွက်ထားတာဖြစ်ပါတယ်။ သင်္ဘောသား ၁၁ ဦးလိုက်ပါလာတဲ့ အဲဒီသင်္ဘောဟာ ဆီးရီးယားနိုင်ငံ  “လက်တာကီရာ” ဆိပ်ကမ်းကနေ လစ်ဗျားနိုင်ငံ “ဘန်ဂါဇီ” ဆိပ်ကမ်းကိုအသွား ခရိကျွန်းအလွန်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခံရတာပါ။ ဂရိအာဏာပိုင်တွေက သင်္ဘောနဲ့ သင်္ဘောပေါ်ပါ ပစ္စည်းတွေကို သိမ်းဆည်းပြီး သဘောင်္သားတွေကို ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up