A d v e r t i s e m e n t With Us

ပုဂံသရပါဟိုတယ် အလုပ်သမားသပိတ်စစ်ကြောင်းတွင်ပါဝင်သူ ၁၃ ဦးကို ဖမ်းဆီးတရားစွဲ

ညောင်​ဦးခရိုင်​ ပုဂံ​မြို့ သရပါဟိုတယ်​အလုပ်​သမား သပိတ်စစ်ကြောင်း​မှာ ပါဝင်ခဲ့သူ ၁၃ ဦး တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။ သရပါဟိုတယ်​က ဧည့်သည်​ အဝင်​နည်းမှု အ​ကြောင်းပြချက်​နဲ့ ဝန်​ထမ်း ၁၂ ​ယောက်​ကို ပြီးခဲ့တဲ့ သြဂုတ်​ ၂၄ ရက်​​နေ့က စတင်​​အလုပ်​ထုတ်​ခံရပြီး အဲဒီထဲမှာ အလုပ်​သမားသမဂ္ဂ​ ခေါင်း​ဆောင်​နဲ့ အလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​တွေ ပါဝင်ခဲ့တာကြောင့် အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေက ​၅ ကြိမ်​ ဆန္ဒဖော်ထုတ်ခဲ့ကြသလို ရက်​​ပေါင်း ၆၀ ကြာ အထိုင်​သပိတ်​ ပြုလုပ်​တာကိုလည်း ဖျက်​သိမ်းခံခဲ့ရါတယ်။ ​ ဒီဇင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းမှာ ပုဂံကနေ မန္တ​လေးကို အလုပ်သမားသပိတ် စစ်​​ကြောင်း ချီတက်ခဲ့ကြပြီး ​ညောင်​ဦး-မြင်းခြံ ကားလမ်း ​ညောင်​ဦးမြို့အထွက်​မှာ ငြိမ်းစု/စီခွင့်ပြုမိန့်​မတင်လို့ဆိုပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် တားဆီးဖြိုခွင်းခဲ့ပြီးနောက်  အလုပ်​သမားနဲ့ ​ကျောင်းသား ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ​ညောင်​ဦးမြို့နယ်​ တရားရုံးမှာ ငြိမ်းစု/စီဥပဒေပုဒ်​မ-၁၉ နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း အထိုင်​သပိတ်​ ဦး​ဆောင်​သူ ဦး​နေမျိုးဝင်းကို ငြိမ်းစု/စီဥပ​ဒေပုဒ်​မ-၁၉ နဲ့ ရုံးထုတ်​စစ်​​ဆေးခဲ့ပါတယ်။ ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up