A d v e r t i s e m e n t With Us

အသတ်ခံရသည့် သတင်းထောက် ကိုစိုးမိုးထွန်းအတွက် ၂ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်

Eleven Media Group မှ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ၂ နှစ်ပြည့်တဲ့အထိ အမှုမှန်မဖော်ထုတ်နိုင်သေးတာကြောင့် မိသားစုဝင်တွေဦးဆောင်ကာ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်က မုံရွာမြို့၊ ရွှေစည်းခုံစေတီမှာ ဆီမီးထွန်းဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ မနက်ပိုင်းကလည်း မိသားစုက ဆွမ်းကပ်အမျှဝေတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ကိုစိုးမိုးထွန်းဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် ည ၁၂ နာရီကျော်အချိန်က မုံရွာမြို့၊ ခမရ ၁၆ အရှေ့ဘက်၊ ပြည်ထောင်စုလမ်းမှာ လမ်းဘေးမှောက်လျက်အနေအထားနဲ့ ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာ ၂ ချက်၊ မျက်နှာဖူးယောင်ဒဏ်ရာ၊ ဝဲမျက်ခုံးကွဲပြဲ ဒဏ်ရာ ၁ ချက်တို့နဲ့ သေဆုံးခဲ့ပါတယ်။ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်းမှ (ပ)၁၅၆၄/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတာပါ။ လက်ရှိမှာ နယ်ထိန်းအဆင့်ကနေ တိုင်းအစိုးရ နယ်လုံဝန်ကြီးအထိ အဆင့်ဆင့်ပြောင်းလဲသွားပြီဖြစ်လို့ အမှုမှန်ပေါ်ပေါက်ရေး စိုးရိမ်စိတ်တွေရှိနေသလို အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို အားမရဘူးလို့ ဒေသခံသတင်းထောက်တွေက ပြောပါတယ်။ မိသားစုဝင်တွေကလည်း အမှုမှန်အမြန်ဆုံး ပေါ်ပေါက်ရေးသာ လိုလားနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up