ပုဂ္ဂလိက အာမခံလုပ်ငန်း ကုမ္ပဏီ ၁၆ ခုကို လုပ်ပိုင်ခွင့်ပေး
DVB
·
September 6, 2012
ပုဂ္ဂလိက အာမခံလုပ်ငန်းကို အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ ကမ္ဘောဇ၊ ရွှေတောင်နဲ့ မြ၀တီ စတဲ့ နာမည်ကြီး ကုမ္ပဏီတွေ အပါအ၀င် စုစုပေါင်း ကုမ္ပဏီ ၁၆ ခုကို လုပ်ကိုင်ခွင့်ပေးလိုက်ပြီလို့ မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူတယောက်က အတည်ပြု ပြောပါတယ်။
အဆိုပါ ကုမ္ပဏီတွေဟာ အသက်အာမခံ၊ မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ အပါအ၀င် အာမခံ လုပ်ငန်း ၆ မျိုး လုပ်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီ ကုမ္ပဏီတွေဟာ မတည်ရင်းနှီးငွေ ကျပ် သန်း ၆၀၀၀ ကနေ ၄၆၀၀၀ အကြား တင်ပြပြီး လိုင်စင်လျှောက်ထားရတာ ဖြစ်ကြောင်း သိရပါတယ်။