Home သတင်းတို နိုင်ငံပိုင်သတင်းစာ ဆောင်းပါးကို ပြည်သူ့လွှတ်တော်တွင် စစ်ဆေးဝေဖန်
နိုင်ငံပိုင်သတင်းစာ ဆောင်းပါးကို ပြည်သူ့လွှတ်တော်တွင် စစ်ဆေးဝေဖန်
newlight of myanmar ကျင်းပနေဆဲ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်းမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ နိုင်ငံပိုင် သတင်းစာပါ ဆောင်းပါး ၁ စောင်ကို စုံစမ်းစစ်ဆေး ဝေဖန်ခဲ့ကြောင်း သိရပါတယ်။
ဆောင်းပါးကတော့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဒေါ်မာလာအောင် ရေးသားပြီး စက်တင်ဘာ ၂ ရက် သတင်းစာတွေမှာ ဖော်ပြထားတဲ့ Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး အမရပူရ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက ဥပဒေရေးရာနဲ့ ပတ်သက်ပြီး ကော်မရှင်က ဘယ်လိုမြင်တယ်၊ ဒေါက်တာဒေါ်မာလာအောင်ဟာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့သူ ဟုတ် မဟုတ်၊ သူ့ဆောင်းပါးကို ပညာရေးဝန်ကြီးဌာနက ဘယ်လို သဘောထားတယ်၊ ပြန်ကြားရေးဝန်ကြီးဌာနကရော အခုလို အခြေအနေမျိုးမှာ ဒီလိုဆောင်းပါးမျိုး သတင်းစာမှာ ဘာကြောင့် ဖော်ပြရတယ် စသဖြင့် မေးမြန်းတာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်ကတော့ ဒီဆောင်းပါး နောက်ကွယ်မှာ ပယောဂ တစုံတရာ ရှိနိုင်တယ်ဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။
ဆက်စပ်သတင်းများ