DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်မြို့ ငွေဇင်ယော် အိမ်ရာမြေကွက် ယခင်အတိုင်း ပြန်ချပေးရန် တောင်းဆို
DVB
·
September 6, 2012
မော်လမြိုင်မြို့ ငွေဇင်ယော် အိမ်ရာမြေကွက် ယခင်အတိုင်း ပြန်ချပေးရန် တောင်းဆို
1 / 2
Donate to DVB

မော်လမြိုင်မြို့ ငွေဇင်ယော်ရပ်ကွက် ဇင်ယော်လမ်းမြေပေါ်မှာ အိမ်ယာမြေကွက် ချထားတာနဲ့ ပက်သက်ပြီး မူလလမ်း အတိုင်း ပြန်ထားပေးဖို့အတွက် ဇင်ယော် ရပ်ကွက်နေ ပြည်သူတွေက တောင်းဆို နေကြပါတယ်။

အကျယ်ပေ ၅၈၊ လမ်းအရှည် ၁ မိုင်နီးပါးရှိတဲ့  မော်လမြိုင်မြို့ ဇင်ယော်လမ်းရဲ့ လမ်းအဆုံးဘက်ပိုင်း ပေ ၈၀၀ အတွင်းမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက အိမ်ယာမြေကွက် ပေ ၃၀ x ၆၀၊ ၈ ကွက် ချမှတ်ထားတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

ငွေဇင်ယော်ရပ်ကွက်နေ ဦးမင်းမောင်က “ပြည်သူတွေက မကျေနပ်ဘူး။ ပြဿနာတက်တာပေါ့။ ပထမတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး အရင်က အေးချမ်းသာယာရေးပေါ့။ သူတို့ကို တင်ပြတယ်။ အဲ့တာ သူတို့ လုပ်ထားတဲ့လုပ်ရပ်တွေ ဖြစ်နေတော့ ဘာမှဆောင်ရွက်မပေးဘူးလေ။ အခုတော့ အဆောက်အဦ တခုဖြစ်လာတယ်။ ခြံစည်းရိုးတွေ ဖြစ်လာတယ်။ ဒီလမ်းက တဖြည်းဖြည်း ပျောက်သွားတယ်။ ဒါကြောင့် ဒီကိစ္စကို နိုင်ငံတော်သမ္မတအဆင့်ထိ တင်ပြထားပါတယ်”လို့ ပြောပါတယ်။

လမ်းမြေအပေါ် မြေကွက် ချမှတ်ထားတဲ့အတွက် ရပ်ကွက်အတွင်း ဝင်ထွက်သွားလာရာမှာ အခက်အခဲတွေ ရှိလာနိုင်တဲ့အပြင်၊ အနီးပတ်ဝန်းကျင်က လမ်းတွေကိုလည်း ဆက်လက်ပြီး မြေကွက်ချမှတ်သွားမှာကို ရပ်ကွက်နေ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

မြေကွက်တွေ ရိုက်တာ အနီးအနားမှာ နေထိုင်တဲ့သူတွေ မသိရဘဲ လုပ်ဆောင်သွားတာလို့ ပြောပါတယ်။

ငွေဇင်ယော်ရပ်ကွက်နေ ဒေါ်ခင်အေးက “ဒီလမ်းကိုပြင်ဖို့ အဒေါ်ဦးဆောင်ပြီးတော့ အလှူငွေတွေစုခဲ့တယ်။ ဒီရပ်ကွက်မှာ ရှိတဲ့လမ်းတွေ ပြင်မှာပေါ့နော်။ ပြင်ဖို့အားလုံးက အားသန်နေတဲ့အချိန်မှာ အကွက်ရိုက်လိုက်ပြီလို့ သိလိုက်ရတယ်။ ဂရန်မြေဆိုတာ အဒေါ်သိထားတာက ဥက္ကဋ္ဌ လက်မှတ်တွေ အိမ်နီးနားက လူလက်မှတ်တွေယူရမယ်၊ notice စာကပ်ရမယ်။ တားမြစ်တဲ့ လူရှိသလား ဘာမှမရေးမသားဘဲ မြေဂရန် ထွက်သွားတယ်ဆိုတော့ တော်တော်ပိုင်တာပဲ”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ပြည်သူ့လွှတ်တော်ရုံး နေပြည်တော်ကို စက်တင်ဘာလ ၃ ရက်နေ့က လက်မှတ်နဲ့တကွ တင်ပြတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့စွဲနဲ့လည်း ရပ်ကွက်နေပြည်သူ ၅၇ ယောက် လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတဆီကို  တိုင်ကြားတင်ပြထားတယ်လို့ ဆိုပါတယ်။

အခုလို မြေကွက်တွေလုပ်ပြီး ခြံခတ်ထားတာကြောင့် အဲ့ဒီမြေကွက် နောက်မှာရှိတဲ့ အိမ်တွေကို အ၀င်အထွက်လမ်းတွေ ပိတ်သွားတဲ့အတွက် အဲ့ဒီမှာ နေထိုင်သူတွေက မကျေမနပ် ဖြစ်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013