အိန္ဒိယက မိုဘိုင်းဖုန်း သတင်းအေဂျင်စီ

အိန္ဒိယရဲ့ ဝေးလံခေါင်ဖျားအရပ်တွေမှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေအတွက် ပင်မမီဒီယာတွေနဲ့ အလှမ်းဝေးလွန်းသလို၊ သူတို့တွေ ကြုံနေရတဲ့ အခက်အခဲတွေ အကြောင်းလည်း မီဒီယာတွေမှာ ဖော်ပြတာမျိုး မရှိသလောက်ပါပဲ။ အင်တာနက်၊ တယ်လီဗေးရှင်း၊ သတင်းစာတွေကလည်း တိုင်းရင်းသားဒေသတွေကို မရောက်သလောက်ပါပဲ။ ဒေသရေဒီယို (ကွန်မြူနတီရေဒီယို) ဆိုတာတွေကလည်း သတင်းတွေကို ထုတ်လွှင့်ဖို့ ခွင့်ပြုမထားပါဘူး။ ဒါပေမယ့် ရွာသားတွေမှာ မိုဘိုင်းဖုန်းလေးတွေတော့ ရှိကြတာများပါတယ်။ အခုတော့ သူတို့မှာ ရှိတဲ့ တယ်လီဖုန်းတွေကို အသုံးပြုပြီး သူတို့ ဒေသက သတင်းတွေကို ဌာနတိုင်းရင်းသားတွေကိုယ်တိုင် သတင်းတွေကို ပေးပို့ကြပြီး နားထောင်နိုင်နေကြပါပြီ။ ဒီအစီအစဉ်ဟာ အိန္ဒိယရဲ့ ပထမဆုံး မိုဘိုင်းဖုန်နဲ့ အွန်လိုင်းသတင်းဌာနဖြစ်တဲ့ စီဂျီနတ် စ၀ါရာ က တီထွင်လိုက်တာပါ။ အေရှားကောလင်း သတင်းထောက် ရှုရီယာ နီယာဇီ (Shuriah Niazi) ရဲ့ သတင်းဆောင်းပါးမှာ နားဆင်နိုင်ပါတယ်၊၊

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up