A d v e r t i s e m e n t With Us

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီကို ခေါ်ယူရန် ဘာစီလိုနာ ပြင်ဆင်

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ကွန်ပနီဟာ မန်စီးတီးအသင်းမှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေပြီး ဂျွန်စတုန်း၊ လာပေါ်တေးနဲ့ အော်တာမန်ဒီတို့ရဲ့နောက် အရန်ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။ အခုနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဘာစီလိုနာအသင်းက ရာသီအကုန်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သည်ဆန်း သတင်းစာက ဖော်ပြပါတယ်။ ဘယ်လ်ဂျီယံနောက်ခံလူ ကွန်ပနီဟာ မန်စီးတီးအသင်းမှာ ၁၀ နှစ်ကြာ ကစားလာသူ ဖြစ်ပြီး အဓိကဆုဖလား ၇ လုံး ရယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up