A d v e r t i s e m e n t With Us

အမည်​မသိလက်​နက်​ကိုင်​အဖွဲ့ ရွာသားများကိုဖမ်းဆီး​ခေါ်သွားစဉ်​ ပစ်​ခတ်​မှုဖြစ်​၊  ၅ ဦး​သေဆုံး

ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ လွိုင်​လင်​မြို့နယ်​ ​တောင်​​နောက်​​ကျေးရွာ အုပ်​စု နမ်းဟူး (ဆိုင်​ငင်း) ရွာ အုပ်ချုပ်ရေးမှူးအပါဝင် ရွာသားအချို့ကို ဒီဇင်ဘာ ၁၁ ရက်​က ​အမည်​မသိ လက်​နက်​ကိုင်အဖွဲ့ ဖမ်းဆီး​ခေါ်​ဆောင်​သွားပြီးနောက် ပစ်​ခတ်​မှုဖြစ်ပွားခဲ့တာကြောင့် ရွာသား ၅ ဦး​ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်​ဘာလ ၁၁ ရက်​ ​ည​နေ ၄ နာရီ အချိန်​မှာ အမည်​မသိလက်​နက်​ကိုင်​အဖွဲ့ ၁၀ ​ယောက်​​ကျော်​က နမ်းဟူးရွာသူကြီး၊ ရပ်​​ကျေးဥက္ကဋ္ဌ အပါအဝင်​ ရွာသား​ ၄ ဦးကို ဖမ်းဆီး​ ခေါ်​ဆောင်​သွားတာဖြစ်ပြီး ပြန်လွှတ်ပေးဖို့ ရွာသားအချို့ ဖမ်းဆီး​ခံရသူ​တွေ ​နောက်ကို ​လိုက်​သွား ရာကနေ ပစ်​ခတ်​မှုဖြစ်​ပြီး ရွာသား ၅ ဦး​သေ၊ ၃ ဒဏ်​ရာရရှိခဲ့တယ်​လို့ ဒဏ်ရာရရှိခဲ့သူတဦးက ပြောပါတယ်။ “ဘယ်​အဖွဲ့ကဆိုတာ ကျနော်​တို့မသိလိုက်​ဘူး၊ သူတို့ဝတ်​စုံဘက်​ကိုလည်းမကြည့်မိဘူး။ သူတို့ အကုန်​လုံးက ရှမ်းလိုပဲစကား​ပြောတယ်​။ ​နောက်​က​နေလိုက်​သွားတဲ့ ကျနော်​​တောင်​ ​သေနတ်​သံကြားတာနဲ့ ဘယ်​ချိန်​ဒဏ်​ရာရမှန်းမသိ ဖြစ်​သွားတာ။” ရွာသားတွေကို ဖမ်းဆီးပစ်​ခတ်​သွားတဲ့အဖွဲ့ဟာ လက်​နက်​ကိုင်​အဖွဲ့ဆိုတာ မသိရှိသေးသလို၊ ဘာ​ကြောင့် ဖမ်းသွားမှန်းလည်း မသိရဘူးလို့ ဆိုပါတယ်​။ ​ဒေသခံရွာသားတ​ဦးကလည်း “သူတို့ ရွာသူကြီးနဲ့ ရပ်​​ကျေးဥက္ကဋ္ဌကို ဖမ်းသွားတယ်​၊ ရွာသား ​တွေသိ​တော့ လိုက်​သွားတာ သူတို့ရွာသားတ​ဦးကို ချည်​ထားရာမှာ အရမ်းနာလို့ထင်​တယ်​ သူက ရုန်းတာ​ပေါ့၊ အဲဒါနဲ့ပစ်​လိုက်​တာပဲ၊ အဖမ်းခံရသူလည်းထိတယ်​၊ အ​နောက်​ကလိုက်​လာသူလည်း ထိတာ​ပေါ့” လို့​ပြောပါတယ်​။ ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေနဲ့ လိုက်သွားတဲ့ ရွာသားတွေ စုစု​ပေါင်း ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်​ရာရတယ်လို့​ ဒေသခံ​ပြောပြချက်​အရ သိရပါတယ်​။ ​သေဆုံးသူတွေက ခွန်​တမူး၊ ခွန်​တခဲ(ရပ်​​ကျေး စာ​ရေး)၊ ခွန်​တဝင်း၊ ခွန်​တဆန်းနဲ့ ရွာသူကြီး ခွန်​ထွန်းဦးတို့ဖြစ်​ပြီး ဒဏ်​ရာရသူ ၃ ဦး လွိုင်​လင်​​ဆေးရုံမှာ ​ဆေးကုသခံယူ​နေတယ်​လို့ သိရပါတယ်​။ နမ်းဟူးရွာသား​တွေဟာ ဘယ်​လက်​နက်​ကိုင်​အဖွဲ့အစည်းနဲ့မှ ရန်​ငြိုးရန်​စမရှိ​ပေမယ့်​၊ ပြီးခဲ့တဲ့ ​မေလက မတ်​ကျန်းပြည်​သူ့စစ်​ MTA အဖွဲ့နဲ့ ရွာသား ​မြေယာအငြင်းပွားမှု ဖြစ်​ပွားခဲ့တယ်​လို့ သိရပါတယ်​။ ခွန်​ရာဇာ

A d v e r t i s e m e n t With Us

More News
Up