DVB Logo
Home
Lead Story
သရုပ်ဆောင်မင်းသား မင်းသွေး နောက်ဆုံးရိုက်ကူးခဲ့သည့် ရုပ်ရှင်ကား-သတ်ကွင်း(နမူနာ)
DVB
·
December 12, 2018
သရုပ်ဆောင်မင်းသား မင်းသွေး နောက်ဆုံးရိုက်ကူးခဲ့သည့် ရုပ်ရှင်ကား-သတ်ကွင်း(နမူနာ)
Donate to DVB

စွန့်စွန့်စားစား မြန်မာအက်ရှင်ဇာတ်ကြမ်းကားတကားဖြစ်တဲ့ သတ်ကွင်းရုပ်ရှင် ကားကို လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

အဲဗားတော့ပ်၊ မြိုင်သရဖူ၊ ဟာသညီနောင် ရုပ်ရှင်ထုတ်လုပ်ရေး ၃ ခုပူးပေါင်းပြီး စီ စဉ်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဆူးခက်မင်းက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

မိဘမေတ္တာငတ်မွတ်နေတဲ့ လူငယ်တယောက်၊ ငွေအလွန်လိုအပ်နေတဲ့ လူငယ် တယောက်နဲ့ ညီမဖြစ်သူ မျက်လုံးဆေးကုသဖို့ ပိုက်ဆံရှာဖွေနေတဲ့ တောတွင်းလမ်းပြ လူငယ်တယောက်၊ သူတို့ ၃ ယောက်ကြားက မေတ္တာတရားကို ပုံဖော်ဖန်တီးထားတဲ့ ဒီကားထဲမှာတော့ တောတွင်းစွန့်စားခန်းတွေနဲ့ လျှို့ဝှက်သည်းဖိုဆန်ဆန် ရှုစားကြရမှာပါ။

ဒီကားဟာ သရုပ်ဆောင်မင်းသွေး မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ကားတကားလည်း ဖြစ်တာမို့ ပရိသတ်တွေကြားမှာလည်း နာမည်ကြီးနေတဲ့ ရုပ်ရှင်ကား တကားဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မင်းသွေးနဲ့အတူ စည်ဖြိုး၊ နေရဲ၊ ထူးခြားတို့က အဓိကဇာတ်ကောင်တွေ နေရာမှာ ပါဝင်ထားခဲ့ကြပြီး နေတိုး၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသုတို့ကလည်း ဧည့်သည်သရုပ်ဆောင်တွေအဖြစ် အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေက မင်းသွေးအလွမ်းပြေအနေနဲ့ ကြည့်ရှုကြရမယ့် သတ်ကွင်းရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ Junction City မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013