A d v e r t i s e m e n t With Us

ဟဇ်ဘိုလာပြောက်ကျားများ ဖောက်လုပ်ထားသည့် ဥမင်လိုဏ်ခေါင်းများကို အစ္စရေးအစိုးရ ဖြိုဖျက်

ဓာတ်ပုံ - AFP
အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟဇ်ဘိုလာ ပြောက်ကျားတွေက လက်ဘနွန်ကနေ အစ္စရေးဘက်ကို ဦးတည်ဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတွေကို အစ္စရေးအစိုးရက ဆက်ပြီး ဖြိုဖျက်နေပါတယ်။ ဒါကြောင့် လက်ဘနွန်နဲ့ အစ္စရေးနယ်စပ်ကို လက်ဘနွန်စစ်သားတွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်သားတွေက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကင်းလှည့် စောင့်ကြည့်နေပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့က အစ္စရေးစစ်သားတွေဟာ ဟဇ်ဘိုလာ တက်ကြွလှုပ်ရှားသူတွေလို့ သံသယရှိသူတွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒါဟာ အစ္စရေးက ဥမင်ဖြိုမှု စစ်ဆင်ရေးစပြီး ပထမဆုံး ပစ်ခတ်မှုပါ။ အစ္စရေးနိုင်ငံထဲကို တိုက်ခိုက်ရာမှာ သုံးဖို့ အစ္စရေး-လက်ဘနွန် နယ်စပ်တလွှား ဥမင်တွေ တူးထားတာ ရှာတွေ့ထားတယ်လို့ အစ္စရေးစစ်တပ်က အရင်အပတ်မှာ ပြောပါတယ်။ အဲဒီနောက် မြေတူးစက်တွေ၊ စစ်တပ်တွေနဲ့ ဥမင်ဖျက်ဆီးရေး ပစ္စည်းကိရိယာတွေကို နယ်စပ်ဆီ လွှတ်ခဲ့ပါတယ်။ လက်ဘနွန်အခြေစိုက် ကုလငြိမ်းချမ်းရေးတပ်က နယ်စပ်မျဉ်းမှာ ဥမင်တခု ရှိနေတာကို ဒီဇင်ဘာ ၆ ရက်မှာ အတည်ပြုပြီး အလေးအနက်ထားရမယ့် ဖြစ်ရပ်လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up