ပြည်သူများ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရေး ရှမ်းနီပါတီ တောင်းဆို
အေးနိုင်
·
September 5, 2012
ဒေသတွင်း ထာဝရငြိမ်းချမ်းရေးရဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတင် ဆွေးနွေးရုံ မလုံလောက်ဘဲ ပြည်သူများပါ ပါဝင်တဲ့ သုံးပွင့်ဆိုင် တန်းတူရည်တူ ဆွေးနွေးဖို့လိုတယ်လို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ပါတီရုံးချုပ်ဆိုင်းဘုတ်တင်ပွဲကို မန္တလေးမြို့မှာ ဒီနေ့ကျင်းပတဲ့ တရက်တည်းမှာပဲ သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်ဖို့ တိုင်းရင်းသားပေါင်းစုံ ညီလာခံကျင်းပဖို့ လိုလားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပြီး တိုင်းလိုင် (ရှမ်းနီ) လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးနဲ့ တန်းတူညီမျှတဲ့ တိုင်းရင်းသား အခွင့်အရေးရဖို့တွေကို ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုစစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ တိုင်းလိုင် (ရှမ်းနီ) လူမျိုးအများစု ဒုက္ခရောက်နေရတယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကို ဆက်သွယ်မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။