Home
မြန်မာသတင်း
ယာဉ်တိုက်မှုဖြစ်ပွား၍ ဘုန်းကြီးပျံပွဲလာသည့် သံဃာ ၃ ပါးပျံလွန်၊  ၁၃ ပါးဒဏ်ရာရ
DVB
·
December 11, 2018
47681236_2717518011807348_1048341022339235840_o
48381424_2717518958473920_6876791018025385984_o
48207422_2717521025140380_2418249579024613376_o
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊  ဇီးဝိန်းရွာလမ်းထိပ်ဝမှာ ဒီဇင်ဘာ ၁၀ ရက် ည ၁၁ နာရီခွဲက  ၁၂ ဘီးကားကြီးနဲ့ သံဃာတွေလိုက်ပါလာတဲ့ယာဉ်တိုက်မိပြီး သံဃာ ၃ ပါး ပျံလွန်မူခဲ့တယ်လို့  မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။ ယာဉ်တိုက်မှုမှာ ဦးပဉ္စင်း ၂ပါးနဲ့ ကိုရင် ၁ပါး ပျံလွန်သွားပြီး ဒဏ်ရာရသွားတဲ့ ကျန်သံဃာတော်ရဲ့ အခြေအနေဟာလည်း  စိုးရိမ်ရတယ်လို့ လူမှုကယ်ဆယ်ရေးဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပြောပါတယ်။ “မော်လမြိုင်ဆေးရုံကို ၁ ပါး( အနီရောင်အဆင့်)၊ သထုံဆေးရုံကို ၂ ပါး(အရိုးကျိုး) ပို့နေပါတယ်။ ၁၂ ဘီးယာဉ်မောင်းနဲ့ စပယ်ယာကတော့ တောထဲထွက်ပြေးသွားတယ်။” သံဃာအများစုမှာ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ၊ညောင်လေးပင်ကျောင်းတိုက်ကဖြစ်ပြီး ဘုန်းကြီးပျံပွဲကိုလာတဲ့ သံဃာတော်ကားဖြစ်တယ်လို့သိရပါတယ်။ သံဃာတော်တွေ လိုက်ပါလာတဲ့ ယာဉ်မောင်းလည်းစိုးရိမ်ရပြီး ဒဏ်ရာရ သံဃာတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှင်သန်ရေးလူမှုကယ်ဆယ်ရေးအဖွဲ့ စုစုပေါင်း လူနာတင်ယာဉ် ၇ စီးနဲ့ ဘီးလင်းဆေးရုံ၊ သထုံဆေးရုံနဲ့ မော်လမြိုင်ဆေးရုံတွေကို တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ အာကာမင်း၊ ဓာတ်ပုံ - မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့(Mawlamyine Rescue)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024