ယာဉ်တိုက်မှုဖြစ်ပွား၍ ဘုန်းကြီးပျံပွဲလာသည့် သံဃာ ၃ ပါးပျံလွန်၊ ၁၃ ပါးဒဏ်ရာရ
DVB
·
December 11, 2018
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝိန်းရွာလမ်းထိပ်ဝမှာ ဒီဇင်ဘာ ၁၀ ရက် ည ၁၁ နာရီခွဲက ၁၂ ဘီးကားကြီးနဲ့ သံဃာတွေလိုက်ပါလာတဲ့ယာဉ်တိုက်မိပြီး သံဃာ ၃ ပါး ပျံလွန်မူခဲ့တယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။
ယာဉ်တိုက်မှုမှာ ဦးပဉ္စင်း ၂ပါးနဲ့ ကိုရင် ၁ပါး ပျံလွန်သွားပြီး ဒဏ်ရာရသွားတဲ့ ကျန်သံဃာတော်ရဲ့ အခြေအနေဟာလည်း စိုးရိမ်ရတယ်လို့ လူမှုကယ်ဆယ်ရေးဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပြောပါတယ်။
“မော်လမြိုင်ဆေးရုံကို ၁ ပါး( အနီရောင်အဆင့်)၊ သထုံဆေးရုံကို ၂ ပါး(အရိုးကျိုး) ပို့နေပါတယ်။ ၁၂ ဘီးယာဉ်မောင်းနဲ့ စပယ်ယာကတော့ တောထဲထွက်ပြေးသွားတယ်။”
သံဃာအများစုမှာ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ၊ညောင်လေးပင်ကျောင်းတိုက်ကဖြစ်ပြီး ဘုန်းကြီးပျံပွဲကိုလာတဲ့ သံဃာတော်ကားဖြစ်တယ်လို့သိရပါတယ်။
သံဃာတော်တွေ လိုက်ပါလာတဲ့ ယာဉ်မောင်းလည်းစိုးရိမ်ရပြီး ဒဏ်ရာရ သံဃာတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှင်သန်ရေးလူမှုကယ်ဆယ်ရေးအဖွဲ့ စုစုပေါင်း လူနာတင်ယာဉ် ၇ စီးနဲ့ ဘီးလင်းဆေးရုံ၊ သထုံဆေးရုံနဲ့ မော်လမြိုင်ဆေးရုံတွေကို တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
အာကာမင်း၊ ဓာတ်ပုံ - မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့(Mawlamyine Rescue)