DVB Logo
Home
Lead Story
နေမင်း၊ ၀တ်မှုန်ရွှေရည်၊ နေခြည်ဦးတို့ အပြိုင်သရုပ်ဆောင်ထားသည့် ရန်သူရုပ်ရှင်(နမူနာ)
DVB
·
December 11, 2018
နေမင်း၊ ၀တ်မှုန်ရွှေရည်၊ နေခြည်ဦးတို့ အပြိုင်သရုပ်ဆောင်ထားသည့် ရန်သူရုပ်ရှင်(နမူနာ)
Donate to DVB

ရုံမတင်ခင်ကတည်းက နာမည်ကြီးနေတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ ရန်သူ ရုပ်ရှင်ကား ကို လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားကိုတော့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာ ဖြစ်ပါတယ်။ လွန်း ထားထားရဲ့ ၀တ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးခဲ့တဲ့ ဒီကားကိုတော့ ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

    ဒီကားကတော့ သက်ထင်ညို၊ ဆန်းကြယ်၊ လေပြေနုသွေးဆိုတဲ့ လူငယ်သုံးယောက်ရဲ့ သုံး ပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

    ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ နေမင်း၊ ၀တ်မှုန်ရွှေရည်နဲ့ နေခြည်ဦးတို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပါတယ်။

ဒါဟာ Beauty Blogger တယောက်ဖြစ်တဲ့ နေခြည်ဦးရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား လည်းဖြစ်သလို သူ့ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ရုပ်ရှင်ကားတ ကားလည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ၀တ်မှုန်ရွှေရည်ကတော့ ဒီကားထဲမှာ မိန်းကလေး တယောက်ကို တခြားအမျိုးသားတယောက်နဲ့ အပြိုင်ပိုးပန်းရတဲ့ Tomboy တယောက်နေရာက ထူးထူးခြားခြားသရုပ်ဆောင်ထားခဲ့ပြီး သရုပ်ဆောင်မင်းသား နေမင်းကတော့စရိုက်၊ ပုံစံမတူတဲ့ မိန်းကလေး ၂ ယောက်ကြား ပုံစံမတူတဲ့ ချစ်ခြင်းနဲ့ ချစ်မိပြီးရန်သူတွေမဖြစ်စေချင်တဲ့ စိတ်နဲ့ ဗျာများရသူတယောက်နေရာမှာ ပါ ၀င်ထားခဲ့တာ ဖြစ်ပါတယ်။

    ထွက်မလာခင်ကတည်းက နာမည်ကြီးနေတဲ့ ရန်သူရုပ်ရှင်ကားရဲ့ Trailer ဟာလည်း ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီး ပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

    ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သမ္မ တရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013